မုံရွာ- ယာကြီး - ကလေးဝလမ်း မိုင်တိုင် ၅၀ အနီးတွင် ယာဉ်တစ်စီးအရှိန် မထိမ်းနိုင်ဘဲချောက်ထဲထိုးကျ တစ်ဦးသေ တစ်ဦး ဒါဏ်ရာရ


မုံရွာ - ဒီဇင်ဘာ ၂၀

မုံရွာမြို့ဖက်မှ ကလေးဝသို့ မုံရွာ-ယာကြီး - ကလေးဝလမ်းအတိုင်း မောင်းလာသည့် ယူဒီကောင်တာအဖြူရောင် ယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၁၉ရက် နေ့လည်ပိုင်းက အရှိန်မထိမ်းနိုင်ဘဲချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒါဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကနီမြို့နယ် မုံရွာ-ယာကြီး - ကလေးဝသွားကားလမ်းမိုင်တိုင် ၅၀အနီးတွင် ကလေးဝဖက်သို့မုံရွာမြို့နေသန့်ဇင်ဦးမောင်းနှင်ပြီး ယာဉ်နောက်လိုက် ထက်ထက်အောင် လိုက်ပါလာသော ၈ည/---နံပတ်ပါ ယူဒီကောင်တာအဖြူရောင်ယာဉ်သည် အရှိန်မထိမ်းနိုင်ဘဲ လမ်း၏ဝဲဖက်ရှိချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် လာပို့ရဲကင်းစခန်းရဲတပ်ကြပ်ကိုကိုနိုင်နှင့် အဖွဲ့ သွားရောက် စစ်ဆေးထားချက်များအရ သိရသည်။

ထိုသို့ချောက်အတွင်း ယာဉ်တိမ်းမှောက်ရာ ယာဉ်မောင်းသန့်ဇင်ဦးတွင် ဝဲဖက်နားထင်ပေါက်ပြဲဒါဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်ထက်ထက်အောင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

ယာဉ်မဆင်မခြင်မောင်းသူသန့်ဇင်ဦး ကိုအရေးယူပေးပါရန်ရဲတပ်ကြပ် ကိုကိုနိုင်က တရားလိုပြုလုပ်တိုက်တန်းသဖြင့် ကနီမြို့မရဲစခန်းက အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးဝင်းထွန်း မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မုံရွာ- ယာကြီး - ကလေးဝလမ်း မိုင်တိုင် ၅၀ အနီးတွင် ယာဉ်တစ်စီးအရှိန် မထိမ်းနိုင်ဘဲချောက်ထဲထိုးကျ တစ်ဦးသေ တစ်ဦး ဒါဏ်ရာရ မုံရွာ- ယာကြီး - ကလေးဝလမ်း မိုင်တိုင် ၅၀ အနီးတွင် ယာဉ်တစ်စီးအရှိန် မထိမ်းနိုင်ဘဲချောက်ထဲထိုးကျ တစ်ဦးသေ တစ်ဦး ဒါဏ်ရာရ Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.