ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၇
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲ တတိယအကြိမ်အား ဒီဇင်ဘာလ ၂၇ ရက်နေ့ ယနေ့မနက်ပိုင်းတွင်စတင်ကျင်းပခဲ့ပါသည်။
တွေ့ဆုံနှီးနှောဖလှယ်ပွဲအား ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင် (တောကျွဲအင်း) မြို့၊ သပြေတန်းသျှမ်းရွာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်တာကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ယနေ့ဖွင့်ပွဲတွင် ဖိတ်ကြားထားသည့် သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းမှလူငယ်များ၊ အဖွဲ့ အစည်းများမှလူငယ်များ၊ သျှမ်းပြည်နယ်ပြင်ပ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ လူငယ်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီ အပါအ၀င်တသီးပုဂ္ဂလများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
ညီလာခံတွင် မူးယစ်ဆေးဝါးပြဿနာ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲခေါင်းစဉ်များကို ဦးစားပေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
လူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်၊ လူငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုပြဿနာများအား ချိတ်ဆက်ဖြေရှင်းနိုင်ရန်အတွက်ရည်ရွယ်ကာ ကျင်းပနေသော နှီးနှောဖလှယ်ပွဲမှ ဦးဆောင်ကော်မတီများ အလုပ်အမှုဆောင်များအား ပြန်လည်ရွေးချယ် သွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်တဦးဖြစ်သော စိုင်းနော်ဆိုင်ကပြောသည်။
Photo Credit to Loi Kham Pang
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲ တတိယအကြိမ် ယနေ့စတင်
Reviewed by THITHTOOLWIN
on
17:21
Rating:
