![]() |
ငါးဖမ်းလှေတချို့ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
ကျန်နေတဲ့ ကျားဖောင် ၁၄ ဖောင်နဲ့ ရေလုပ်သား ၃၆ ယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါ၀ါသိန်း က ပြောပါတယ်။
" ၄၈ ယောက်ကျန်တဲ့ဟာလေ၊ ၉ ယောက်တွေ့တော့ မနေ့ကအထိကို ၃၉ ယောက်ကျန်တယ်၊ မနက်က နောက်ဆုံးသတင်းအရ နောက်ထပ် ၃ ယောက်ထပ်တွေ့တော့ ၃၆ ယောက်ပဲကျန်တော့တယ်၊ ကျားဖောင်ကလည်း ၁၄ ဖောင်ပဲကျန်တတော့တယ်၊ နောက်ဆုံး Update အခြေအနေပေါ့နော်။ "
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့ ပင်လယ်ပြင်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျားဖောင် ၈၀ ကျော် နဲ့ ရေလုပ်သား ၂၅၀ ကျော်ရေထဲမျောပါ သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ရေလုပ်သား ၂၁၀ ပြန်လည်ဆယ်ယူရရှိထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ခါပြတ်ကျေးရွာက လုပ်ငန်းရှင် ၅ ဦးရဲ့ ကျားဖောင်တွေနဲ့ ရေလုပ်သားတွေ ပြန်မတွေ့သေး တာလည်း ဖြစ်ပါတယ်။
ပြန်တွေ့သူတွေဟာ ကျန်းမာရေးအခြေအနေတွေအားလုံးကောင်းမွန်ပြီး တချို့မှာ လုပ်ငန်းခွင်ထဲပြန်ဝင်နေကြ ပြီဖြစ်တယ်လို့ ဒေါ်ဝါ၀ါသိန်း က ပြောပါတယ်။
ပျောက်ဆုံးနေသူတွေကို လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ရေလုပ်သားတွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပျောက်ဆုံးနေတဲ့ ရေလုပ်သား ၄၈ ဦးထဲက ၁၂ ဦးကို ပြန်တွေ့
Reviewed by THITHTOOLWIN
on
18:12
Rating:
