ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း၊ အမှတ်(၃)ရပ်ကွက် ဦးသာထွန်း ပိုင်ဆိုင်၍ လှေဦးစီး ဦးထွန်းရွှေ လုပ်ကိုင်ဆောင်ရွက်နေသော သီတာထွန်း (၁) ငါးဖမ်းရေယာဉ်သည် ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်(၄)နာရီအချိန် ခန့်က ပြင်စလူမြို့အနီး ပင်လယ်ပြင်တွင် ပိုက်ချရန် စက်လှေအား ပြန်လှည့်ရာမှ တိမ်းမှေက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ စက်လှေပေါ်မှ လုပ်သားများအား အနီးဝန်းကျင်မှ စက်လှေ လုပ်သားများ၏ ဝိုင်းဝန်း ကယ်ဆယ်မှုကြောင့် (၁၅) ဦး ဆယ်ယူရရှိထားပြီး (၄) ဦး ပျောက်ဆုံးနေကြောင်း ဟိုင်းကြီးကျွန်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ငါးဖမ်းရေယာဉ် တစ်စင်းပင်လယ်ပြင်တွင်နစ်မြုပ် ၁၅ ဦး ဆယ်ယူရရှိ၊ ၄ ဦး ပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
11:48
Rating:
