![]() |
ကမ္ဘာကျော် ဘောလုံးသမားဟောင်းGeorge Weah အနိုင်ရ |
ဂျော့ခ်ျ ဝီယား ဟာ ပညာတက်တယောက် လည်းမဟုတ် နိုင်ငံရေးသမား တယောက် ရှိသင့်တဲ့ အရည်အသွေးတွေလည်း မရှိဘူးလို့ ပြောနေကြပေမယ့် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်မယ့်သူပါလို့ အောင်ပွဲခံနေသူတွေထဲ တယောက် ဖြစ်တဲ့ ဒိုင်းမွန်း ကူးပါးက ပြောပါတယ်။
မဲရေတွက်မှု ပြီးသလောက်နီးပါး ရှိနေချိန်မှာ မစ္စတာ ဝီးယာ့ဒ် က ခြောက်ဆယ့်တစ် ရာနှုန်းနဲ့ ပြိုင်ဖက် လက်ရှိ ဒုသမ္မတ Joseph Boakai ကို အနိုင်ရသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဘွေခိုင်းဟာ မဲ ၃၈ ရာနှုန်းသာ ရခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဝီးယား သမ္မတ ရွေးကောက်ပွဲမှာ နိုင်ရမှုဟာ အနောက်အာဖရိက နိုင်ငံတခု ဖြစ်တဲ့ လိုင်ဘေးရီးယားမှာ ၁၉၄၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီ နည်းကျတဲ့ အာဏာ လွှဲပြောင်းမှု ဖြစ်လာစေတော့ ဖြစ်ပါတယ်။
မစ္စတာ ဝီးယား ဟာ ဖီဖာက ချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ Ballon d'Orလို့ခေါ်တဲ့ ပြင်သစ် ဘောလုံးအဖွဲ့က နှစ်စဉ် ချီးမြှင့်တဲ့ ရွှေဘောလုံး ဆုတွေကို ဆွတ်ခူးခဲ့ဖူးတဲ့ တဉီးတည်းသော အာဖရိက တိုက်သား ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကမ္ဘာကျော် ဘောလုံးသမားဟောင်း သမ္မတအရွေးခံရ
Reviewed by THITHTOOLWIN
on
08:57
Rating:
