ဂန့်ဂေါမြို့ တော်ဝင်ဘီယာဆိုင်တွင် မီးလောင်မှုဖြစ်ပွား


ဂန့်ဂေါ - ဒီဇင်ဘာ ၃၁

ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် တော်ဝင်ဘီယာဆိုင် ၏ စားဖိုဆောင်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ် က ဂတ်စ်အိုးလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ တော်ဝင် ဘီယာဆိုင်မှာ ဦးနေမျိုးအောင်(ခ) သားကြီး ပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး စားဖိုဆောင်ရှိ ပုလဲမြို့နယ် သာယာကုန်းကျေးရွာမှ အကြော်ဆရာ ဦးနေဇော် (၂၀) နှစ် က ဂတ်စ်ကုန်သွားသဖြင့် ဂတ်ဆ် အိုး လဲလှယ်ရာတွင် ဂတ်ဆ်များစိမ့်ထွက်၍ မီးဖိုခန်းအတွင်းရောက်ရှိကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်သဖြင့် အကြော်ဆရာ နေဇော်တွင် မီးငြိမ်းသတ်ရာမှ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာရရှိ သွား ပြီး သာယာကုန်းကျေးရွာမှ ဆိုင်လုပ်သား ဖိုးသား(ခ) ဇင်မင်းနိုင် (၁၅) နှစ် မှာ ဝဲ၊ယာ လက်ဖျံနှင့် မေးစေ့၊ ဝဲခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာရှိကာ ဂန့်ဂေါမြို့ မြို့မရပ်ကွက်မှ ဆိုင်လုပ်သား ဒေါ်စန်းစန်းအောင် (၂၃) နှစ် တွင် ဝဲ၊ယာ လက်ဖျံ၊ လက်ခုံ၊ လက်ချောင်း၊ ဝဲယာခြေသလုံး၊ ခြေချောင်း၊ခြေချောင်း တို့တွင် မီးလောင် ဒဏ်ရာများ ရရှိကြကြောင်း နှင့် မီးလောင်သွား သည့်အတွက် ကာလတန်ဖိုး ၁၁ သိန်းကျပ်ခန့် ပျက်စီး ဆုံးရှုံးသွားကာ မီးပေါ့ဆစွာ အသုံးပြုသူ အကြော်ဆရာ နေဇော်အား ဂန့်ဂေါမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။
မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ရောက်ရှိ၍ မီးသတ်ကား ၇ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြကြောင်းနှင့် အခြား အဆောက်အဦးများသို့ မီးကူးစက်ခြင်းမရှိ ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဂန့်ဂေါမြို့ တော်ဝင်ဘီယာဆိုင်တွင် မီးလောင်မှုဖြစ်ပွား ဂန့်ဂေါမြို့ တော်ဝင်ဘီယာဆိုင်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.