တူမက ဦးလေးကို ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွား


နေပြည်တော် ဒီဇင်ဘာ ၁၄

ပျဉ်းမနားမြို့ ပေါင်းလောင် (၁)ရပ် ရွာကောက်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၁ ရက် ည ၁ဝ နာရီ ကျော်ခန့်က တူမဖြစ်သူကဦးလေး တော်သူကို ဓားဖြင့်ထိုးသတ်သော လူသတ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဦးလေး တော်သူကို သတ်ခဲ့သူ မဝသုန် (၁၈ နှစ်)သည် ဖခင်ဖြစ်သူ ဦးဆန်းဦး နှင့် ၄င်းတို့နေအိမ်အတွင်း ခိုက်ရန် ဖြစ်ပွားနေစဉ် ဦးလေးတော်စပ်သူ ဦးမြင့်အေးက ဝင်ရောက်ဖျန်ဖြေ ခဲ့ရာ မဝသုန်က ဓားဖြင့်ထိုးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ဇနီး ဒေါ်အေး အေးမွန်နှင့် လူသတ်မှုကျူးလွန်သူ မဝသုန်၏မိခင် ဒေါ်ယဉ်ယဉ် အောင်တို့မှာ ညီအစ်မအရင်းများ ဖြစ်ကြပြီး ၄င်းတို့မှာ အိမ်နီးချင်း ခြံချင်းကပ်နေထိုင်သော ညီအစ်မ များဖြစ်ကြကာ မဝသုန်နှင့် ဖခင် ဖြစ်သူ ဦးဆန်းဦးတို့ ခိုက်ရန်ဖြစ် ပွားနေသည်ကို ကြားသိရသဖြင့် သေဆုံးသူ ဦးမြင့်အေးနှင့် ဇနီး ဒေါ်အေးအေးမွန်တို့ကသွားရောက် ဖျန်ဖြေခဲ့စဉ် ဦးလေးတော်စပ်သူ ဦးမြင့်အေးအား မဝသုန်က ဓားဖြင့် ထိုးလိုက်ရာ ဒေါ်အေးအေးမွန်က ဦးမြင့်အေးအား ပျဉ်းမနား ခုတင် ၂ဝဝ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ပြုလုပ်နေဆဲ အချိန်တွင် ဦးမြင့်အေး သေဆုံးခဲ့ရ သဖြင့် ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပျဉ်းမနားမြို့မရဲစခန်းသို့လာရောက် ပြီး ဒီဇင်ဘာလ ၁၂ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

လက်ရှိအချိန်တွင် လူသတ်မှု ကျူးလွန်ခဲ့သော မဝသုန်အမှုနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နယ် ရဲစခန်း(ပ)၉၃၁/၂ဝ၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ရေးဖွင့် ထားပြီး ဒုရဲမှူးသန်းထိုက်က စစ် ဆေးလျက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင် များက တရားခံအား ဖမ်းဆီးရမိ ရေးကြိုးပမ်းခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု လှေခွင်းတောင် ရေဆိပ်ရှိ ရှမ်းမြေ့စားသောက်ဆိုင် အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး အခင်း ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ဓားဦး ချွန်တစ်ချောင်းနှင့်အတူ သက်သေ ခံပစ္စည်းများကို ရှာဖွေဖမ်းဆီးနိုင် ခဲ့ကြောင်းနှင့် တရားစွဲတင်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း ပျဉ်းမနားရဲတပ်ဖွဲ့မှ သတင်းပေးပို့ချက်အရသိရသည်။

သက်ဇော်ထွန်း(ပျဉ်းမနား)
The Union Daily
https://www.facebook.com/uniondaily.net
တူမက ဦးလေးကို ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွား တူမက ဦးလေးကို ဓားဖြင့်ထိုးရာမှ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.