မောင်တောမြို့နယ်၊ ရွက်ညိုတောင်ချောင်းဝအနီးတွင် ဘင်္ဂါလီလူမျိုး(၂) ဦးနှင့်အတူ စိတ်ကြွဆေးပြား ၁၉၀၀၀၀ အား ဖမ်းဆီးရမိ


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ (၁)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နိုဝင်ဘာလ(၃၀)ရက်နေ့၊ ၄း၂၅အချိန်၌ ရွက်ညိုတောင်
ချောင်းဝအနီး အနောက် မြောက်ဘက်မှ ဦးစောလှကျွန်းသို့ ပလပ်စတက်ပုံး အ၀ါလေးလုံးအား တွဲချိတ်၍ ဖောင်အဖြစ်အသုံးပြုကာ ဖြတ်ကူးနေသော ဘင်္ဂါလီလူမျိုး(ကျား)၂ဦးနှင့်အတူ စိတ်ကြွဆေးပြား ၁၉၀၀၀၀ အား ဖမ်းဆီးရမိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ တာဝန်ရှိသူများမှ လှည့်ကင်းလည်ဆောင်ရွက်နေစဉ် ရက်နေ့ ၄း၂၅အချိန်၌ ရွက်ညိုတောင်ချောင်းဝအနီး အနောက် မြောက်ဘက်မှ ၀.၅ မိုင်အကွာ ဦးစောလှကျွန်းသို့ ဖြတ်ကူးနေသော မသင်္ကာဖွယ်ပစ်မှတ်တွေ့၍ လိုက်လံ စစ်ဆေးရာ ပလပ်စတက်ပုံး အ၀ါလေးလုံးအားတွဲချိတ်၍ ဖောင်အဖြစ် အသုံးပြုကာ ဖြတ်ကူးနေသော ဘင်္ဂါလီ(၂)ဦးနှင့်အတူ ဆာလာအိတ်(၃)အိတ်ဖြင့် ထုတ်​ပိုးထား​သော ကာလတန်​ဖိုး ကျပ်​သိန်း​ပေါင်း(၃၈၀,၀၀၀,၀၀၀) တန်​ဖိုးရှိ စိတ်ကြွဆေးပြားများအား ၁၉၀၀၀၀ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ (၂) ဦးမှာ မောင်တောမြို့နယ်၊ သရက်အုပ်အရှေ့ကျေးရွာနေ ဆော်လီမူလာ
အသက် (၃၄)နှစ်နှင့် အာလီယာမောက်(၁၉)နှစ်တို့ဖြစ်ကြပြီး ၄င်းတို့(၂)ဦးအား စစ်ဆေးမေးမြန်းချက်အရ ဖမ်း ဆီးရမိသော ဆေးပြားပိုင်ရှင်မှာ အဆိုပါ(၂) ဦးအနက်မှ ဆော်လီမူလာဆိုသူဖြစ်ပြီး မှုးယစ်ဆေးများကို တစ်ဘက်နိုင်ငံတက္ကနာဖ်မြို့သို့ ပို့ဆောင် ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မူးယစ်ဆေးများနှင့်အတူဖမ်းဆီးရမိသူ ဆော်လီမူလာနှင့်အာလီယာမောက်တို့အား အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဆောင်းဇာခြည်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ