![]() |
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က နေပြည်တော်မှာကျင်းပခဲ့စဉ်/ Photo: Win Ko Ko Latt/RFA |
အဲဒီလို သတ်မှတ်လိုက်တာကို ကန့်ကွက်လိုသူ အလုပ်သမား၊ အလုပ်ရှင်တွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေ ကပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပြုလုပ်ခဲ့တဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ့ဆုံပွဲတွေမှာ အလုပ်သမားဘက်က အနိမ်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ၅၀၀၀ ကျပ်ကနေ ၆၆၀၀ ကျပ်ကြား တောင်းဆိုထားပြီး အလုပ်ရှင်ဘက် ကတော့ ၃၆၀၀ ကျပ်နဲ့ ၄၀၀၀ ကျပ်ကြားပေးဖို့ ဆွေးနွေးခဲ့ထားကြပေမယ့် ဒီကနေ့မှာ ၄၈၀၀ ကျပ် သတ်မှတ် လိုက်တာပါ။
ရက်ပေါင်း ၆၀ အတွင်း အလုပ်ရှင်၊ အလုပ်သမားဘက်က ကန့်ကွက်သူမရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး နှစ်ပတ်ကနေ တစ်လအတွင်း အဲဒီနှုန်းကို အတည်ပြုမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ အနိမ့်ဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို ၃၆၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်သတ်မှတ်ဖို့ အမျိုးသားအဆင့်ကော်မတီ ဆုံးဖြတ်
Reviewed by THITHTOOLWIN
on
20:25
Rating:
