အရက်မူးနေသူမှ ဓားဖြင့်ခုတ်၍ လူသေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ ဒီဇင်ဘာ ၇

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွား၍ လူသေဆုံးမှုဖြစ်ပွားကြောင်း သိရပါသည်။
အဆိုပါသတင်းအရ မုံရွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေကန်စုကျေးရွာနေ နိုင်လင်းထွန်း(၂၉)နှစ်သည် အရက်မူးပြီး တစ်ရွာတည်းနေ တင်အောင်ကျော်(၃၂)နှစ် အား အရိုးအသွား(၁)ပေ(၁၀)လက်မခန့် ရှိ ဓားမဖြင့် ခုတ်ခဲ့သောကြောင့် တင်အောင်ကျော်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ယခုအခါ နိုင်လင်းထွန်း အား မုံရွာ နယ်မြေရဲစခန်း (ပ)၇၅၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အရက်မူးနေသူမှ ဓားဖြင့်ခုတ်၍ လူသေဆုံးမှုဖြစ်ပွား အရက်မူးနေသူမှ ဓားဖြင့်ခုတ်၍ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.