ကာဘွန်ဈေးကွက်ကို တရုတ် ဖော်ဆောင်မယ်

ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ ကြိုဆို
တရုတ်နိုင်ငံက စွမ်းအင်ကုမ္ပဏီ ၁၇ဝဝ ဝန်းကျင်ရဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏကို ကန့်သတ်မယ့် အစီအစဉ်တွေကို တရုတ် အစိုးရ ထုတ်ပြန်လာပါတယ်။

ဥရောပ သမဂ္ဂထဲမှာ သတ်မှတ်ထားတဲ့ ကာဘွန် ဈေးကွက် အတိုင်းပဲ တရုတ် အစိုးရကလည်း ဖော်ဆောင်မှာ ဖြစ်ပါတယ်။

ကာဘွန် ဈေးကွက်ဆိုတာ အစိုးရက ခွင့်ပြုထားတဲ့ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စံနှုန်း ပမာဏအောက် လျှော့ထုတ်နိုင်တဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ ပိုပြီး ရောင်းချခွင့် အခွင့်အရေး ပေးတာ ဖြစ်ပါတယ်။

စီအိုတူး လျှော့ထုတ်လေလေ ဈေးကွက် အခွင့်အရေး ပိုရလေလေ ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂထဲ သတ်မှတ်ထားတဲ့ ကာဘွန် ဈေးကွက် အတိုင်း တရုတ်ဖော်ဆောင်
တရုတ်အစိုးရဘက်က အခုလို ပြင်ဆင်လာတာကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ကြိုဆို နေကြပါတယ်။

ဒါပေမယ့်လည်း တရုတ် နိုင်ငံထဲ အခုလို ပြင်ဆင် ပြောင်းလဲတာတွေဟာ အခု လာမယ့် တစ်နှစ် အတွင်းမှာတော့ စတင်သက်ဝင် လာနိုင်ဖွယ် မရှိသေးပါဘူး။
 ပြန်လည် အသုံးချနိုင်စွမ်း ရှိတဲ့ စွမ်းအင်
ကမ္ဘာ့နိုင်ငံတွေထဲ တရုတ်ဟာ ကျောက်မီးသွေးကို အသုံးပြုဆုံး နိုင်ငံ ဖြစ်နေတဲ့ အတွက်၊ သဘာဝ ညစ်ညမ်းမှု အဖြစ်စေဆုံး နိုင်ငံအဖြစ် သတ်မှတ် ထားပါတယ်။

တစ်ဘက်မှာလည်း တရုတ်နိုင်ငံဟာ ပြန်လည် အသုံးချနိုင်စွမ်း ရှိတဲ့ စွမ်းအင် တနည်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေတဲ့ စွမ်းအင်မျိုးကို ရရှိအောင် ရင်းနှီးမြှုပ်နှံမှု အပြုလုပ်ဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကာဘွန်ဈေးကွက်ကို တရုတ် ဖော်ဆောင်မယ် ကာဘွန်ဈေးကွက်ကို တရုတ် ဖော်ဆောင်မယ် Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.