ထရမ့်ရဲ့ အခွန်ဥပဒေကို အောက်လွှတ်တော် အတည်ပြု

ထရမ့်ရဲ့ ခရစ္စမတ်စ် လက်ဆောင်
အမေရိကန်ပြည်ထောင်စုမှာ အခွန်စနစ်ကို အခြေခံကနေ စပြီး ပြင်ဆင်ပြောင်းလဲ ထားတဲ့ သမ္မတ ထရမ့် တင်သွင်းတဲ့ ဥပဒေကို အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဆီးနိတ်လွှတ်တော်မှာလည်း မကြာခင် မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

ဆီးနိတ်ကလည်း ဒီ အခွန်ဥပဒေကို သဘောတူလာမယ်လို့ မျှော်လင့်ရတာကြောင့် ဒါဟာ သမ္မတ ထရမ့်တင်သွင်းတဲ့ အရေးကြီးတဲ့ ဥပဒေတစ်ရပ် ပထမဆုံးအကြိမ် အောင်ပွဲရလာမှာ ဖြစ်ပါတယ်။
လူလတ်တန်းစားတွေ အကျိုးရှိစေမယ်လို့ ရီပတ်ပလစ်ကင်တွေပြော
အခွန် ဥပဒေကို အနှစ် ၃ဝ ကျော် အကြာမှာ အကြီးအကျယ် ပြင်ဆင်ပြောင်းလဲ နိုင်ခဲ့တာ ဖြစ်ပြီး၊ လူလတ်တန်းစားတွေ အတွက် အကျိုးရှိစေလိမ့်မယ်လို့ ရီပတ်ပလစ်ကင်တွေက ပြောပါတယ်။

အတိုက်အခံ ဒီမိုကရက်တွေကတော့ ဒီပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ကုမ္ပဏီကြီးတွေကို မျက်နှာသာ ပေးမှာ ဖြစ်ပြီး၊ လူချမ်းသာတွေ အတွက်သာ အကျိုးရှိစေလိမ့်မယ်လို့ ဝေဖန် နေကြပါတယ်။

သူ့ရဲ့ ခရစ္စမတ်စ် လက်ဆောင်အဖြစ် သမ္မတ ထရမ့်က ရည်ညွှန်းပြောဆို နေတဲ့ ဒီဥပဒေဟာ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ အတွက် အခွန်ကို ၃၅% ကနေ ၂၁% ရာခိုင်နှုန်း အထိ လျှော့ပေါ့ ပေး ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထရမ့်ရဲ့ အခွန်ဥပဒေကို အောက်လွှတ်တော် အတည်ပြု ထရမ့်ရဲ့ အခွန်ဥပဒေကို အောက်လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 07:35 Rating: 5
Powered by Blogger.