ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာ သဖန်းဆိပ်ဆည်အနီးတွင် ကျာင်းသားကျောင်းသူ သုံးဦးရေနစ်သေဆုံး


ကျွန်းလှ - ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကုက္ကိုကုန်း ကျေးရွာသဖန်းဆိပ်ဆည်အနီးတွင် ဒီဇင်ဘာ၃၀ရက်နေ့ နေ့လည် ၁နာရီ မိနစ်၅၀အချိန်ခန့်က ကျောင်းသားကျောင်းသူသုံးဦးရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောင်းသားကျောင်းသူငါးဦး သည်ကုက္ကိုကုန်း ကျေးရွာ အနီးသဖန်းဆိပ်ဆည်ရေဝပ်ဧရိယာတွင် ကြာပန်းဆင်းခူးကြရာ မခိုင်သဇင်ထွန်း(၁၀)နှစ်/မသဲစုလှိုင်(၁၃)နှစ်/မောင်ဝေဠုအောင်သုံးဦးတို့မှာ ရေနစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူစဉ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ကျွန်းလှမြို့မရဲစခန်းမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို - ကျွန်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာ သဖန်းဆိပ်ဆည်အနီးတွင် ကျာင်းသားကျောင်းသူ သုံးဦးရေနစ်သေဆုံး ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာ သဖန်းဆိပ်ဆည်အနီးတွင် ကျာင်းသားကျောင်းသူ သုံးဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.