မြောက်ကိုးရီးယားကို ဒဏ်ခတ်အရေးယူဖို့ ရုရှားနိုင်ငံ အသင့် မရှိသေး


မြောက်ကိုးရီးယားကို စီးပွားရေးဒဏ်ခတ်အရေးယူတာဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေးကို အပြင်းအထန်အကျပ်အတည်းဖြစ်စေမှာကြောင့် အဲဒီဒဏ်ခတ်အရေးယူမှုကို လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ရုရှားနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီဂေါ မောဂလပ်ဖ်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြောက်ကိုးရီးယားအပေါ် ဖိအားပေးတာတွေဟာ အနီရောင်အဆင့်ကို ချဉ်းကပ်လာနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုးရီးယားနဲ့ ပြောဆိုညှိနှိုင်းမယ်လို့ ကတိပေးခဲ့သလို မြောက်ကိုရိးယားအတွက် အာမခံချက်တွေကိုပေးဖို့ ဆွေးနွေးဖို့လည်းလိုတယ်လို့ သူက ပြောသွားပါတယ်။

Photo: twitter.com/mfa_russia
RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုးရီးယားကို ဒဏ်ခတ်အရေးယူဖို့ ရုရှားနိုင်ငံ အသင့် မရှိသေး မြောက်ကိုးရီးယားကို ဒဏ်ခတ်အရေးယူဖို့ ရုရှားနိုင်ငံ အသင့် မရှိသေး Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.