န၀မတန်းကျောင်းသူကို လိမ်ညာခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ(ထခွဲ) အထက်တန်းကျောင်း၊
နဝမတန်းမှာ သံအိုင်ကျေးရွာက လာရောက် ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ဦးကို ကျောင်းညစောင့်ရဲ့ ဦးလေးဖြစ်သူက လိမ်ညာခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါကျောင်းက ကျောင်းညစောင့် မောင်သက်ဦးလွင်(၂၂)နှစ်ရဲ့  ဦလေးဖြစ်သူ ဦးထွန်းထွန်းဦး (ယခင် ခိုးမှုများစွာဖြင့် ထောင်ကျဖူးသူမှ) ၄.၁၂.၂၀၁၇ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ကျောင်းတက်ချိန်မှာ သားမယားပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ ဖခင်ဖြစ်သူ နေမကောင်းဖြစ်သည်ဟု လိမ်ညာခေါ်ဆောင်ကာ အိမ်ပြန်မပို့ပေးပဲ ငှက်အော်စမ်းကျေးရွာ အရှေ့ဘက်တောထဲကို ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ကိစ္စအား ပြုကျင့်သူ ဦးထွန်းထွန်းဦးရဲ့  မိန်းမနဲ့ ကလေးများ သိသော်လည်း သက်ဆိုင်ရာကို အကြောင်းကြားပါက သတ်ပစ်မည်လို့  ခြိမ်းခြောက်ထားသည်ဟု ဒေသခံတွေ ဆီကနေ စုံစမ်းသိရှိ ရပါတယ်။

သစ်ထူးလွင်

န၀မတန်းကျောင်းသူကို လိမ်ညာခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား န၀မတန်းကျောင်းသူကို လိမ်ညာခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:58 Rating: 5
Powered by Blogger.