အစိုးရစစ်တပ်၏ တောထဲဝင်ခွင့် တားမြစ်မူကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူလယ်သမားများ အခက်တွေ့နေ


ဟုမ္မလင်းမြို့နယ် နားသကျိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသော ဗိုလ်မှူးကောင်းသူရ ဦးစီးသော အစိုးရတပ် ခလရ (၅၀) ဂန့်ဂေါတပ်ရင်း၏ တောထဲဝင်ခွင့် တားမြစ်မူကြောင့် ဒေသခံတောင်သူဘယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။

" အခုအချိန်က ငါတို့တောင်သူတွေက ကောက်လှိုင်းစည်း ၊ နှီးခုတ် ၀ါးခုတ်သွားတဲ့ အချိန်ရောက်နေပြီလေ။ အဲ့ဒီအချိန်ကို သူတို့က တောထဲလုံးဝကို မသွားခိုင်းဘူး ။ " ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားသည်။

နားသကျိုက်ကျေးရွာသည် သ၀န်ဖာနိုင်း အုပ်စုတွင်ပါဝင်ပြီး နံပတ်ငါးချောင်းဖျားသို့ သွားရာအစွန်ဆုံးကျေးရွာဖြစ်သောကြောင့် အဆိုပါကျေးရွာတွင် အစိုးရစစ်တပ်က တောတောင်အတွင်း သွားလာခြင်းကို တားမြစ်ထားခြင်းသည် ပတ်ဝန်းကျင် အုပ်စုများဖြစ်သော ခတောင်ပွင့်အုပ်စု ၊ တီလောင်အုပ်စု ၊ နောင်ခမ်းအုပ်စု စသည့်အုပ်စုများ အပါအ၀င် စုစုပေါင်းကျေးရွာ ဆယ်ရွာခန့်မှ တောင်သူလယ်သမားများအ အခက်တွေ့နေရကြောင်းလည်း သိရသည်။

" အကုန်ဒုက္ခရောက်နေကြတာ။ တောထဲလည်း မ၀င်ခိုင်းဘူး။ ပြီးတော့ ရွာထဲ လယ်ထဲသွားရင်လည်း စစ်လားဆေးလားလုပ်နေတာ။ ဒီနယ်တစ်နယ်လုံး ဘယ်လိုမှ ညှိလို့မရဖြစ်နေတာ တပ်နဲ့က။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ခလရ(၅၀) တပ်ရင်းသည် နားကျိုက်ကျေးရွာသို့ ရောက်ရှိနေသည်မှာ တစ်လကျော်ခန့်ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
အစိုးရစစ်တပ်၏ တောထဲဝင်ခွင့် တားမြစ်မူကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူလယ်သမားများ အခက်တွေ့နေ အစိုးရစစ်တပ်၏ တောထဲဝင်ခွင့် တားမြစ်မူကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူလယ်သမားများ အခက်တွေ့နေ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.