ကိုင်ရိုအနီး ဘုရားရှိခိုးကျောင်းတွင် လက်နက်ကိုင်တစ်ဦးက တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၁ ဦးထက်မနည်းသေဆုံး


ကိုင်ရို ဒီဇင်ဘာ ၃ဝ

လက်နက်ကိုင်တစ်ဦးက ကိုင်ရိုအနီး ခရစ်ယာန်ပိုင် ဆိုင်တစ်ဆိုင်နှင့် Coptic Orthodox ဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာ ၃ဝ ရက်က တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ထို့နောက် အဆိုပါလူအား ဒဏ်ရာများဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း အီဂျစ်ပြည်ထဲရေး ဝန်ကြီးနှင့် ဘုရားရှိခိုးကျောင်း အာဏာပိုင်များက ပြောခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများက အဆိုပါတိုက်ခိုက်မှုမှာ ၄င်းတို့ လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသော်လည်း ထိုကဲ့သို့ ပြောကြားမှုအတွက် မည်သည့် သက်သေအထောက်အထားမှ မရှိကြောင်း သိရသည်။

ဇန်နဝါရီ ၇ ရက်တွင်ကျင်းပမည့် Coptic Christmasပွဲမတိုင်မီ ရဲများက ဘုရားရှိခိုးကျောင်းများတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။

အိုင်အက်စ်စစ်သွေးကြွများသည် မကြာသေးမီနှစ်များအတွင်းက အီဂျစ်ရှိ ခရစ်ယာန်လူနည်းစုကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ကိုင်ရိုမြို့၏ အကြီးဆုံး ဘုရားရှိခိုးကျောင်းဖြစ်သည့် Coptic cathedral တွင်ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုနှင့် ဧပြီလက Palm Sunday တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု နှစ်ခုတွင် လူ ၂၈ ဦး သေဆုံးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များက ပေးပို့သော အစောပိုင်းသတင်းဖော်ပြချက်များအရ တိုက်ခိုက်မှုဖြစ်စဉ်တွင် တိုက်ခိုက်ရေးသမားနှစ်ဦးပါဝင်ခဲ့ကြောင်း၊ တစ်ဦးမှာ လုံခြုံရေး အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ အခင်းဖြစ်ရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ သတင်းဖော်ပြချက်များ ကွဲပြားနေမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မည်သည့် မှတ်ချက်ပြု ပြောဆိုခြင်းမျှ မလုပ်ခဲ့ပေ။

တိုက်ခိုက်မှုဖြစ်ပြီးနောက် သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပြီး တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

ရိုက်တာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကိုင်ရိုအနီး ဘုရားရှိခိုးကျောင်းတွင် လက်နက်ကိုင်တစ်ဦးက တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၁ ဦးထက်မနည်းသေဆုံး ကိုင်ရိုအနီး ဘုရားရှိခိုးကျောင်းတွင် လက်နက်ကိုင်တစ်ဦးက တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၁ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.