ဂရိ တရားရုံးရဲ့ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို တူရကီ စိတ်ဆိုး

တူရကီ အာဏာသိမ်းမှုအတွင်း ဂရိထွက်ပြေးလာတဲ့ စစ်သားတွေ
မနှစ်ဇူလိုင်လ တုန်းက မအောင်မြင်ခဲ့တဲ့ တူရကီက အာဏာသိမ်းမှုအတွင်း ဂရိနိုင်ငံဆီ ရောက်လာတဲ့ ပူးတွဲ ရဟတ်ယာဉ်မှူးရဲ့ နိုင်ငံရေးခိုလှုံခွင့်ကို လက်ခံလိုက်တဲ့ ၊ တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ပြတဲ့ အနေနဲ့ ဂရိ အစိုးရက အယူခံဝင်မယ်လို့ ပြောပါတယ်။

နေတိုး အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ဂရိ နဲ့ တူရကီ အိမ်နီးချင်း နှစ်နိုင်ငံကြား အခုလို နိုင်ငံရေး ခိုလှုံခွင့်ပေးမှုကြောင့် ဆက်ဆံရေး ထိခိုက်လာစေလိမ့်မယ်လို့ တူရကီ နိုင်ငံခြားရေး ဌာနက ပြောနေပါတယ်။

ဂရိဟာ အာဏာသိမ်းဖို့ ကြံတဲ့သူတွေကိုကြိုဆို ၊ အကာအကွယ်ပေးကြောင်း ထပ်ပြနေတယ်လို့လည်း တူရကီက ဆိုပါတယ်။

တူရကီမှာ မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှု ဖြစ်ပွားတဲ့နေ့မှာ ဂရိမြောက်ပိုင်းကို အဲဒီ ပူးတွဲ ရဟတ်ယာဉ်မှူးနဲ့ စစ်သား ခုနှစ်ယောက် ရောက်ရှိလာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂရိ တရားရုံးရဲ့ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို တူရကီ စိတ်ဆိုး ဂရိ တရားရုံးရဲ့ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို တူရကီ စိတ်ဆိုး Reviewed by THITHTOOLWIN on 12:41 Rating: 5
Powered by Blogger.