တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး


တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ဟွေနမ့်မလင်းရွာတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၂၄)နှစ်ရှိ မသင်းသင်းနွယ်(ခ)မီးမီးဖြစ်ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အသင်းသားများက တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ပို့ဆောင်ကာ ညနေပိုင်းတွင် တာချီလိတ်မြို့မသုသာန်၌ မီးရှို့သဂြုင်္ိဟ်ပေးလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.