ဖမ်းမိထားသော လင်းယုန်ငှက်ကြီး ကျောပေါ်တပ်ထားတဲ့စက်မှာ မွန်ဂိုလီးယားလို့ရေးထား

စက်တပ်ဆင်လျက် ဖမ်းမိထားသော လင်းယုန်ငှက်ကြီးကို မင်းကင်းသစ်တောဌာနတွင် စောင့်ရှောက်ထိန်းသိမ်းထား
မင်းကင်း ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သာစည်ရွာတွင် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ဖမ်းမိသော လင်းယုန်ဟုယူဆရ သော ငှက်ကြီးကို မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ကာ မန္တလေးမြို့ ရတနာပုံတိရစ္ဆာန် ဥယျာဉ်မှ တိ/မွေး/ကုဆရာဝန်က စစ်ဆေးကုသပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''တပ်ထားတဲ့စက်မှာ မွန်ဂိုလီးယားလို့ရေးတာပါ တယ်၊ ဖမ်းမိထားတဲ့လင်းယုန်လို့ ယူဆရတဲ့အကောင်ကို မန္တလေး ရတနာပုံတိရစ္ဆာန်ဥယျာဉ်က ဆရာဝန်က မင်းကင်းသစ်တောဦးစီးဌာနမှာ သွားရောက်ဆေးစစ်မှာ ဖြစ်ပါတယ်၊ ဆေးစစ်လို့ကျန်းမာရေးကုသဖို့လိုမယ်ဆိုရင် ဆေးကုသပေးပြီး ရတနာပုံတိရစ္ဆာန်ဥယာဉ်ကို ခေါ်သွားပြီး ထိန်းသိမ်းဖို့စီစဉ်နေပါတယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း က ပြောသည်။


''အဲဒီရောက်မှပဲ တပ်ထားတဲ့စက်ကိုစစ်ဆေးပြီး ဆက်သွယ်ဆောင်ရွက်စရာတွေ ဆက်လုပ်သွားမှာပါ၊ အကြမ်း ဖျင်းယူဆရတာက သုတေသနလုပ်ဖို့ စက်တပ်ပေးလိုက်တဲ့ အကောင်ဖြစ်မှာပါ၊ လက်ရှိမင်းကင်းသစ်တောဦးစီးဌာနမှာထိန်းသိမ်းထားတာ ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်၊ မွန်ဂိုလီးယားလို့ရေးထားပေမယ့် ဘယ်နိုင်ငံဘယ်အဖွဲ့ကလို့ တိတိကျကျမသိရသေးပါဘူး၊ အားလုံးစစ်ပြီးမှ တိတိကျကျသိရပြီဆိုရင် ဆက်သွယ်ပေး ပို့သွားမှာပါ၊ အခုချိန်ထိတော့ ဒီငှက်ကြီးနဲ့ပတ်သက်ပြီး ဘယ်ကမှ ဆက်သွယ်လာတာမရှိသေးပါဘူး''ဟု ဦးခင် မောင်ဝင်းက ဆက်ရှင်းပြသည်။

''မနေ့မနက်က ရွာနားကကောက်ရိုးပုံမှာလာနား တုန်း ရွာသားတစ်ဦးက လေးခွနဲ့ ပစ်ဖမ်းလိုက်တာပါ၊ ဘာကြောင့်စက်တပ်ထားတယ်၊ ဘာစက်ဆိုတာကိုတော့ မသိပါဘူး''မင်းကင်းဒေသခံ ကိုကျော်မျိုးလင်းက ဆိုသည်။

သုတေသနလုပ်ဖို့အတွက်တပ်လိုက်တဲ့စက်ဆိုတာကတော့သေချာပါတယ်၊ စိုးရိမ်စရာမရှိပါဘူး၊ ဘယ်နိုင်ငံကဘာအတွက်ဆိုတာကိုတော့ နေပြည်တော်က သားငှက်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေနဲ့ဆက်လက် ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်''ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

မျိုးဝင်းထွန်း(မုံရွာ)
https://www.facebook.com/TheMirrorDaily
ဖမ်းမိထားသော လင်းယုန်ငှက်ကြီး ကျောပေါ်တပ်ထားတဲ့စက်မှာ မွန်ဂိုလီးယားလို့ရေးထား ဖမ်းမိထားသော လင်းယုန်ငှက်ကြီး ကျောပေါ်တပ်ထားတဲ့စက်မှာ မွန်ဂိုလီးယားလို့ရေးထား Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.