တရုတ်အစိုးရက ခေတ်သစ်ပိုးလမ်းမကြီး ဖောက်နေသလို၊ တဘက်မှာလဲ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးပေါ်လာဖို့ အိန္ဒိယအစိုးရက စိတ်အားထက်သန်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။
တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ စီးပွားရေးနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်၊ တရုတ်ရဲ့ ပိုးလမ်းမကြီးကိုယှဉ်ဖို့ ဒီစီမံကိန်းက အရေးကြီးတယ်လို့ ဂျပန်နိုင်ငံက ရိုင်တာကူတက္ကသိုလ်မှာ ခေတ္တတာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယနိုင်ငံသား ပါမောက္ခ ရာဂျာရမ် ပန်ဒါက ပြောပါတယ်။
တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းမှာ တိုင်းပြည်တွေကို ငွေထုတ်ပေးတဲ့အခါ၊ အခမဲ့ မတည်ပေးတာမျိုး မဟုတ်ဘဲ၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုပုံစံနဲ့ ပြန်ပေးရမှာဖြစ်ပြီး၊ တချို့ချေးငွေတွေက အတိုးများတယ်လို့လည်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ရာဟူးလ် မာဇွန်ဒါက ဟိန္ဒူစီးပွားရေးဂျာနယ်မှာ ရေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်မယ့် လမ်းမကြီးအတွက် ဒေါ်လာသန်း ၇ ရာ ကုန်ကျမယ်လို့ ခန်းမှန်းထားပြီး၊ ဒီစီမံကိန်း အတွက် ၃ နိုင်ငံဝန်ကြီးအဆင့်တွေက ၂၀၀၂ ခုနှစ်ကတည်းက ဆွေးနွေးထားတာ ဖြစ်ပါတယ်။
ဒီလမ်းမကြီးက ကုန်သွယ်ရေးသက်သက်အတွက် မဟုတ်ဘဲ၊ ပြည်သူတွေနဲ့ အတွေးအခေါ် အကြံအစည်တွေအတွက်ပါ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Narendra Modi - Twitter
RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးကို ဝန်ကြီးချုပ်မိုဒီ ကျောထောက်နောက်ခံပေး
Reviewed by THITHTOOLWIN
on
22:50
Rating:
