မြိတ်တွင် အသက် ၁၂ နှစ်အရွယ်အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား


မြိတ်မြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးအား ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီခန့်က အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ရေပုန်းနယ်မြေနေသူ မ… … …က ဒီနေ့မနက် ၅ နာရီမှာ လူထုလမ်းလျှောက်ပွဲမှ လမ်းလျှောက်ပြီးအပြန် သိမ်တော်ကြီးဘုရားမှာ ဘုရားဖူးပြီးပြန်အဆင်း လမ်းမှာဦးစိုးသန်းနှင့်တွေ့ပြီး ၎င်းအား ဗူးဘုရားပေါ်သို့ လိုက်ခဲ့ရန်ခေါ်သဖြင့် လိုက်သွားခဲ့ကြောင်း သိရပါတယ်။

မြိတ်မြို့၊ တလိုင်းစုနယ်မြေတွင်းမှာ ရှိတဲ့ ဗူးဘုရား မှာ မြို့သစ် ၆ ရပ်ကွက်မှာနေတဲ့ ဦးစိုးသန်း ၇၁ နှစ်၊ဆိုသူက မ… … … ရဲ့မိန်းမကိုယ်အင်္ဂါကို လက်နဲ့ ပွတ်သတ်ကိုင်တွယ်ပြီး ခန္ဓာကိုယ်ပေါ် တက်ခွရန်ကြံစည်နေချိန် ဘုရားပေါ်မှာ သန့်ရှင်းရေးဆောင်ရွက်နေတဲ့ ဦးဆန်နီက တွေ့ရှိပြီး ဦးစိုးသန်းအား ခန္ဓာကိုယ်ပေါ်မှ တွန်းထုတ်၍ ဖမ်းချုပ်နိုင်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် မြို့မရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။

မြိတ်မြို့မ ရဲစခန်းမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်သူ ဦးစိုးသန်း ၇၁ နှစ်၊ အား ပုဒ်မ ၃၇၆ /၅၁၁ ဖြင့် အရေးယူထားကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ် )
Myat Htut - Myeik (facebook)
မြိတ်တွင် အသက် ၁၂ နှစ်အရွယ်အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား မြိတ်တွင် အသက် ၁၂ နှစ်အရွယ်အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.