ရွှေစင်စင်္ကြာ ယာဉ်ဝမ်းဗိုက်အတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံးမှုဖြစ်


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၀)ရှိ သီရိပဒေသာကားကြီးဝင်း ရွှေစင်စင်္ကြာ ယာဉ်လိုင်းအသင်းမှ ပြင်ဦးလွင်-မန္တလေး-နေပြည်တော်ပြေးဆွဲသည့် 3M/xxxx Express ယာဉ်၏ ပစ္စည်းတင်ဆောင်ခန်း (ယာဉ်ဝမ်းဗိုက်) အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့် က အမျိုးသား ၂ ဦး သေဆုံးနေကြောင်း သိရပါသည်။


အဆိုပါ သတင်းအရ ပြင်ဦးလွင် မြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်ဝင်း ဦးစီးအဖွဲ့နှင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံမှ ဒေါက်တာ မင်းမင်းအောင် တို့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူ ၂ ဦးမှာ ၎င်းယာဉ်၏ ယာဉ်မောင်း နေဝင်းထွန်း(၃၉)နှစ် နှင့် ယာဉ်နောက်လိုက် ထိုက်အောင်(၂၂)နှစ် တို့ဖြစ်ကြောင်း သိရသည်။
Photo - သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း (ပြင်ဦးလွင်)
၎င်းတို့ ၂ ဦးသည် ယာဉ်ဝမ်းဗိုက်အတွင်း မီးသွေးမီးဖို၍ စောင်ခြုံအိပ်နေရာမှ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး နေဝင်းထွန်း ပါ ၂ ဦးမှာ အောက်ဆီဂျင်ပြတ်၍ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ၁၁၄၀ အချိန်တွင် ပြင်ဦးလွင်မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၃၁/၂၀၁၇)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

by သစ်ထူးလွင်
ရွှေစင်စင်္ကြာ ယာဉ်ဝမ်းဗိုက်အတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံးမှုဖြစ်  ရွှေစင်စင်္ကြာ ယာဉ်ဝမ်းဗိုက်အတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 13:49 Rating: 5
Powered by Blogger.