လူငယ်ဂေါက်သီးပြိုင်ပွဲ မြန်မာလူငယ် ကမ္ဘာ့အဆင့်တစ်ရရှိ

အမေရိကန်ပြည်ထောင်စု ၂၀၁၇ အမေရိကန် ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲ ကမ္ဘာ့အဆင့်(၁) အနိုင်ရသူ မြန်မာနိုင်ငံက ကိုဟိန်းစည်သူ ။
အမေရိကန်ပြည်ထောင်စု ကျင်းပခဲ့တဲ့ ၂၀၁၇ အမေရိကန် ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲ မှာတော့ မြန်မာနိုင်ငံက ကိုဟိန်းစည်သူ အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ လူငယ် ကစားသမားဖြစ် သွားပါတယ်။ ၂၀၁၇ အမေရိကန်ဂျူနီယာ လူငယ်ဂေါက်သီးပြိုင်ပွဲ ကိုတော့ ဒီဇင်ဘာ ၂၈ ရက်နေ့က ၃၁ ရက်နေ့အထိ ဖလော်ရီဒါပြည်နယ် St. Augustine မြို့မှာ ၃ ရက်ကြာကျင်းပခဲ့တာဖြစ်ပြီး၊ ကိုဟိန်းစည်သူက သတ်မှတ်ရိုက်ချက်အတိုင်း၊ စုစုပေါင်းရိုက်ချက် ၂၁၆ ချက် နဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒီပွဲနိုင်လိုက်တဲ့အတွက် သူဟာ ကမ္ဘာ့အဆင့် ၁ လူငယ်ဂေါက်သီးကစားသမား လည်းဖြစ် လာခဲ့ပါတယ်။ ဒီလိုအနိုင်ရပြီး၊ ကမ္ဘာ အဆင့် ၁ လူငယ် ကစားသမားဖြစ်လာတာနဲ့ ပတ်သက်ပြီး ကိုဟိန်းစည်သူက ဗွီအိုအေကို ပြောပြပါတယ်။

ဒီပြိုင်ပွဲမှာ အိုက်စလန်နိုင်ငံက Sidgurdur Gardarsson နဲ့ အမေရိကန်က James Ballato တို့က ၂၂၃ ချက်နဲ့ ပူးတွဲဒုတိယရခဲ့ကြပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ ကျော်က လူငယ်ဂေါက်သီးအားကစားသမားပေါင်း ၅၀ ကျော် ၀င်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကိုဟိန်းစည်သူအပါအ၀င် ကိုကောင်းမြတ်ကျော်၊ ကိုဖြိုးဇံ နဲ့ကိုမင်းသန်းလွင်အောင်တို့လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အဆင့် ၂၉ ၊ ၃၁ နဲ့ ၃၂ အသီးသီးချိတ်ခဲ့သလို၊ အမျိုးသမီးဘက်မှာတော့ မဖူးပွင့်ရတီခိုင်က အဆင့် ၉ ရခဲ့ပါတယ်။

ကိုရန်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လူငယ်ဂေါက်သီးပြိုင်ပွဲ မြန်မာလူငယ် ကမ္ဘာ့အဆင့်တစ်ရရှိ လူငယ်ဂေါက်သီးပြိုင်ပွဲ မြန်မာလူငယ် ကမ္ဘာ့အဆင့်တစ်ရရှိ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.