သန်လျင်မြို့နယ်၌ အသေးစားငွေချေးလုပ်ငန်းရုံး အနုကြမ်းစီးခံရ


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၁၅၀ အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ မြရတနာ(၅)လမ်း၌ ဖွင့်လှစ်ထားသော ASA microfinance Myanmar အသေးစားငွေချေး လုပ်ငန်းတွင် ရုံးခွဲမန်နေဂျာ မကလျာစု၊ (၂၅)နှစ်ပါ ရုံးဝန်ထမ်း ၇ ဦး(ကျား ၂၊မ ၅)တို့သည် လုပ်ငန်းကိစ္စများဆောင်ရွက်နေစဉ် အရိုးအသွား ၂ပေခွဲခန့်ရှိ ဓားရှည် ၁ချောင်း ကိုင်ဆောင် ထားသူ မျက်နှာဖုံးစွပ်လျက် အမျိုးသား ၁ဦး၊ ဓားဦးချွန်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးနှင့် ဓားမပါ အမျိုးသား ၁ဦး၊ ပေါင်း ၄ဦးတို့သည် ရုံးခန်းအတွင်း ဝင်ရောက်လာပြီး အကုန်လုံး ငြိမ်နေဟု ပြောဆို ကာ ကုမ္ပဏီရုံးခန်းတံခါးများအား ပိတ်ခိုင်းခဲ့ပါသည်။

 ၎င်းနောက် မကလျာစုပါ ၆ ဦးအား ကြမ်းပြင်ပေါ်၌ မှောက်ခိုင်းပြီး ကုမ္ပဏီဝန်ထမ်း ရဲနောင်နောင်(စိစစ်ဆဲ)အား ဓားဖြင့်ထောက်ကာ ရုံးခန်းအတွင်းရှိ ငွေ ၆,၈၁၅,၁၅၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် တက်ဘလက် ၂ လုံး၊ စုစုပေါင်း တန်ဖိုး ၈,၃၀၅,၁၅၀ ကျပ်တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ပါသည်။ ဓားဖြင့်ထောက်မှုကြောင့် ရဲနောင်နောင်တွင် အင်္ကျီစုတ်ပြဲကာ ဝဲလက်ပြင် ပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး လုယက်သူ အမျိုးသား ၄ ဦး(ဖမ်းမမိ) အား သန်လျင်မြို့မရဲစခန်း (ပ)၃၇၉၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
သန်လျင်မြို့နယ်၌ အသေးစားငွေချေးလုပ်ငန်းရုံး အနုကြမ်းစီးခံရ သန်လျင်မြို့နယ်၌ အသေးစားငွေချေးလုပ်ငန်းရုံး အနုကြမ်းစီးခံရ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.