အသက်ရှင်တဲ့ကလေးကို သေပြီလို့ မှားယွင်း

အမွှာကလေးနှစ်ယောက်ကို ဆရာဝန်တွေက သေပြီလို့ ကြေညာခဲ့ပါတယ်
အိန္ဒိယနိုင်ငံက ပုဂ္ဂလိက ဆေးရုံတခုမှာ နိုဝင်ဘာ ၃၀ရက်နေ့က မွေးဖွားခဲ့တဲ့ အမွှာကလေးနှစ်ယောက်ကို ဆရာဝန်တွေက သေပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ကလေးအသက်ရှင်လျက်ရှိနေတာကို မိဘတွေက သုသာန်အသွားလမ်းမှာ သတိပြုမိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသမှု စံနှုန်းတွေကို မေးခွန်းထုတ် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ပုဂ္ဂလိကပိုင် ဆေးရုံက Max ဆေးရုံက ဒီဖြစ်ရပ်ကို တင်းတင်းကျပ်ကျပ် စုံစမ်းအရေးယူမှုတွေ ပြုလုပ် သွားမယ်လို့ ပြောပါတယ်။

အိန္ဒိယ အစိုးရဘက်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။

ဆရာဝန်တွေ သေ ပြီ လို့ ယူ ဆ က ထည့် ထား တဲ့ ပလပ်စတစ် အိတ် ထည့် မှ ကလေး တစ်ဦး ညည်းညူး သံ ကို မိ ဘတွေ ကြားပြီး နောက် ပိုင်း ဒီ အ ဖြစ်အပျက် စတင် ခဲ့ တာ ပါ။

ကလေးအသံကို ကြားပြီးနောက် မင်သက်နေတဲ့ မိဘတွေဟာ ကလေးငယ်ကို အဆိုပါဆေးရုံကိုပဲ ပြန်ခေါ်သွားခဲ့တယ်လို့ အမွှာကလေးတွေရဲ့ အဘိုးဖြစ်သူက သတင်းမီဒီယာတွေကို ပြန်ပြောပြခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ