တီယန်ကျင်း မိုးမျှော် အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦး သေဆုံး


ပေကျင်း ဒီဇင်ဘာ ၁

တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သော တီယန်ကျင်းတွင် မိုးမျှော် အဆောက်အအုံတစ်လုံး မီး လောင်မှုဖြစ်ပွားခဲ့ရာ ၁ဝ ဦး သေဆုံး ခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

မီးလောင်မှုသည် ဟေဇီခရိုင်လူနေ တိုက်ခန်းတစ်ခု၏ ၃၈ ထပ်တွင် ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၇မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီးသတ်ဌာနက ပြောခဲ့သည်။ လောင်ကျွမ်းခဲ့သော မီးကို နံနက် ၆ နာရီ မိနစ် ၄ဝ တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ၃ဝဝ စတုရန်းမီတာ ပျက်စီးခဲ့ကြောင်း မီးသတ် သမားများက ပြောသည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။ သို့သော်လည်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွင် အသုံးပြု သည့် အိမ်တွင်းအလှဆင်ပစ္စည်းများမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်ခြေရှိ ကြောင်း သိရသည်။

တီယန်ကျင်းပါတီ အတွင်းရေးမှူး လီဟောင်ချွမ်က ဒီဇင်ဘာ ၁ ရက် မီးလောင်မှုနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မီးဘေး အ္တရာယ်ကင်းစင်ရေးအတွက် မြို့အနှံ့ စစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်း ပြောခဲ့သည်။

 ရိုက်တာ
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS
တီယန်ကျင်း မိုးမျှော် အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦး သေဆုံး တီယန်ကျင်း မိုးမျှော် အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.