သန်လျင်မြို့နယ် ဟိုတယ်တွင် တည်းခိုသူထံမှ ထိုင်ဝမ်နိုင်ငံလုပ် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီရမိ


ရန်ကုန် ဒီဇင်ဘာ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ကန့်ကော်လမ်း၊ အမှတ် (၉)ရှိ၊ ပိတောက်ဝါဟိုတယ်၌ ဒီဇင်ဘာ ၁၉ ရက် ည ၉ နာရီ ၅ မိနစ်အချိန်က အခန်းအမှတ် (SWEET-3) အခန်းတွင် လာရောက်တည်းခိုသူထံမှ ထိုင်ဝမ်နိုင်ငံထုတ် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မ ရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် မောင်မောင်သန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ သန်လျင်မြို့၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ကန့်ကော်လမ်း၊ အမှတ်(၉)ရှိ ပိတောက်ဝါဟိုတယ် အခန်းအမှတ် (SWEET-3) အခန်းအား ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း တည်းခိုနေထိုင်သည့် သီဟအောင် အသက် (၃၂)နှစ် အမှတ်-၃၀ ထန်းပင်ကုန်း ၇ လမ်း ထန်းပင်ကုန်း ရပ်ကွက် သန်လျင်မြို့နေသူအားတွေ့ရှိရပြီး အခန်းအားရှာဖွေရာ ကုတင်ပေါ်ရှိ သီဟအောင်၏ ပေါက်ကြားခါးပတ်အိတ်အတွင်း၌ နို့စိမ်းရောင်ပလပ်စတစ်ဘောစိ အလုံး (၆၀၀) လုံး၊ အကြည်ရောင် ဖန်ဘောစိ အလုံး (၁၅၀) လုံး၊ ဂတ်စ်ထည့်ပြီး ဘောစိအလုံး ထည့်ရသည့် သံကိုယ်ထည် ကျည်ဘောက် ၂ ခု၊ ဘောစိအလုံးထည့်ပစ်ရသည့် ထိုင်ဝမ်နိုင်ငံလုပ် သံကိုယ်ထည် သေနတ် ၁ လက်တို့အား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အဆိုပါ ထိုင်ဝမ်နိုင်ငံလုပ် သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်း များအား လက်ဝယ်ထားရှိသူ သီဟအောင်အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်လျင်မြို့နယ် ဟိုတယ်တွင် တည်းခိုသူထံမှ ထိုင်ဝမ်နိုင်ငံလုပ် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီရမိ သန်လျင်မြို့နယ် ဟိုတယ်တွင် တည်းခိုသူထံမှ ထိုင်ဝမ်နိုင်ငံလုပ် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီရမိ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.