ဖလော်ရီဒါတွင် လေယာဉ်ပျက်ကျမှုကြောင့် လူအများအပြားသေဆုံး

ဖလော်ရီဒါပြည်နယ်တွင် ပျက်ကျခဲ့သည့် ပုဂ္ဂလိက လေယာဉ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ရှိ လေဆိပ်ငယ်တစ်ခုတွင် ဒီဇင်ဘာ ၂၅ရက်က နှစ်လုံးတွဲ အင်ဂျင်တပ် ပုဂ္ဂလိက လေယာဉ်တစ်စီး ထွက်ခွာနေစဉ် ပျက်ကျခဲ့သဖြင့် လူအများအပြားသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် တန်ပါမြို့အရှေ့ဘက် ၆၄ကီလိုမီတာခန့်အကွာ ရှိ Bartow Municipal လေဆိပ်မှ နံနက် ၇း၁၅နာရီတွင် ပျံတက်စဉ် မြူခိုးများထူထပ်နေသဖြင့် ပျက်ကျခဲ့ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း Polk စီရင်စု ရဲအရာရှိ Grady Judd က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

၎င်းက လေယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကို မသိရှိသေးသော်လည်း မြူခိုးများထူထပ်နေခြင်းနှင့် ဆက်စပ်နေကြောင်း နှင့် လေယာဉ်သည် လေဆိပ်မှ ပျံတက်သွားပြီးမကြာမီပင် ပျက်ကျသွားခဲ့ကာ လေယာဉ်ပေါ်ရှိ လူအားလုံးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိက သေဆုံးသူအရေအတွက် မည်မျှရှိသည်ကို မသိရှိသေးသလို ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကိုလည်း သိရှိခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

အမျိုးသားပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့ နှင့် ဖယ်ဒရယ်လေကြောင်းဦးစီးဋ္ဌာန က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖလော်ရီဒါတွင် လေယာဉ်ပျက်ကျမှုကြောင့် လူအများအပြားသေဆုံး ဖလော်ရီဒါတွင် လေယာဉ်ပျက်ကျမှုကြောင့် လူအများအပြားသေဆုံး Reviewed by THITHTOOLWIN on 13:49 Rating: 5
Powered by Blogger.