ထမံသီဘေးမဲ့တောအတွင်း၌ အင်းကျားများရှင်သန်နေထိုင်လျက်ရှိဟု တွေ့ရှိ


ရန်ကုန် ဒီဇင်ဘာ ၂ဝ

ပြည်တွင်းရှိတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဘေးမဲ့တောများ ထဲတွင်ပါဝင်သည့် ထမံသီတော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ၌ မျိုးသုဉ်းပျောက်ကွယ်မည့် စာရင်းတွင် ထည့်သွင်းခံထားရ သော အင်းကျားများရှင်သန်နေ ထိုင်လျက်ရှိကြောင်း တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သညWCS Myanmar က သတင်းထုတ်ပြန် သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၌တည်ရှိသော ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း၌ ကင်မရာထောင်ချောက် အလုံး ၁၆ဝ ဖြင့် စောင့်ကြည့်လေ့လာခဲ့ ရာတွင် စတုရန်းကီလိုမီတာ ၁ဝဝ ကျယ်ဝန်းသောဧရိယာအတွင်း၌ အင်းကျားတစ်ကောင်မှသုံးကောင် အထိ နေထိုင်ကျက်စားလျက်ရှိ ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 အင်းကျားမျိုးစိတ်များကိုဟိမဝန္တာ တောင်တန်းနှင့်ဆက်စပ်နေသော နီပေါနိုင်ငံမှစကာ အင်ဒိုချိုင်းနား ကျွန်းဆွယ်အတွင်း၌ပါဝင်သော နိုင်ငံများတွင် အများဆုံးတွေ့ရှိရ လေ့ရှိသည်။ အင်းကျားများနှင့် ဆိုင်သည့် သုတေသနလုပ်ငန်း များကို အင်ဒိုနီးရှားနိုင်ငံတွင် အများဆုံးပြုလုပ်ခဲ့သည်။

 မြန်မာ နိုင်ငံအတွင်း၌ အင်းကျားသုတေ သနလုပ်ငန်းများကို သစ်တောဦး စီးဌာန အောက်စဖို့ဒ်တက္ကသိုလ်ရှိ ဇီဝဗေဒဌာန၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံအတွင်း၌ အင်း ကျားများရှင်သန်နေထိုင်သည့်နေ ရာ အနည်းဆုံး ၁၅နေရာရှိကြောင်း လည်း လေ့လာမှုများအရ တွေ့ ရှိခဲ့သည်။

NG
The Union Daily
https://www.facebook.com/uniondaily.net
ထမံသီဘေးမဲ့တောအတွင်း၌ အင်းကျားများရှင်သန်နေထိုင်လျက်ရှိဟု တွေ့ရှိ ထမံသီဘေးမဲ့တောအတွင်း၌ အင်းကျားများရှင်သန်နေထိုင်လျက်ရှိဟု တွေ့ရှိ Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.