မန္တလာမင်းခရီးသည်ယာဉ် လမ်းချော်၍ အိမ်ထဲဝင်ရောက်


မော်လမြိုင်မြို့  - ဒီဇင်ဘာ ၂၈

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စမ်းကြီးရပ် ရွှေနတ်တောင် တပ်နယ်ဂေါက်ကွင်းရှေ့၌ ဒီဇင်ဘာလ(၂၇)ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်နေ ယာဉ်မောင်းဇော်လွင်ဦး(၅၄)နှစ် မောင်းနှင်းပြီ ပဲခူးတိုင်းဒေသကြီး ခြောက်မြို့နယ် စလေမြို့နေ ယာဉ်နောက်လိုက် ဇော်မျိုး(၂၁)နှစ်လိုက်ပါလာသော မန္တလာမင်းခရီးသည်ယာဉ်အမှတ်7G/-------ယာဉ်သည် မော်လမြိုင်ဘက်မှ မုဒုံဘက်သို့ မောင်းနှင်းလာရာ ရွှေနတ်တောင်တပ်နယ်ဂေါက်ကွင်းရှေ့၌ လမ်းချော်၍ ဒေါ်စန်းငွေနေအိမ်ထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် လမ်းချော်မှုကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်ကျား (၃) ဦး ၊ မ(၅)ဦးနှင့် နေအိမ်တွင် နေထိုင်ကြသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

၎င်းနောက် လူမှုကယ်ဆယ်ရေး(Resuce)အဖွဲ့မှ ရောက်ရှိလာပြီး မန္တလာမင်းယာဉ်ပေါ်၌ လိုက်ပါ စီးနင်းလာသော ခရီးသည်များကို မော်တော်ယာဉ်ခေါင်းမိုးပေါ်မှ တစ်ဆင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။

တင်ထွဋ် - မော်လမြိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန္တလာမင်းခရီးသည်ယာဉ် လမ်းချော်၍ အိမ်ထဲဝင်ရောက် မန္တလာမင်းခရီးသည်ယာဉ် လမ်းချော်၍ အိမ်ထဲဝင်ရောက် Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.