မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား နေအိမ် ၉ လုံး ဆုံးရှုံး


ငပုတော ဒီဇင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျောက်ပုံကျေးရွာအုပ်စု ရွာသစ် ကျေးရွာတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီခွဲခန့်က နော်ဖိုးဒါးနေအိမ်မှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နော်ဖိုးဒါး(၄၈)နှစ်သည် ထမင်းချက်ပြီး ရွာထဲသို့ အစည်း အဝေး တက်ရောက်ရန် သွားနေစဉ် ၄င်းနေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 ဘေးပတ်ဝန်းကျင်ရှိလူများမှ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ် ကိုးလုံးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

 သို့ဖြစ်၍ မီးအားပေါ့ဆစွာအသုံးပြုသူ နော်ဖိုးဒါးအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား နေအိမ် ၉ လုံး ဆုံးရှုံး  မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား နေအိမ်  ၉ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.