၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၈၁၃ တွဲ ရောင်းချနိုင်ခဲ့


နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဆဋ္ဌမနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ဆက်လက် ကျင်းပသည်။

ယနေ့တွင် အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့် ၁၀၀၀ အထက် တန်ဖိုး သတ်မှတ် ထားသည့် (၂၃၀၀) အနက်မှ ကျောက်စိမ်းတွဲ စုစုပေါင်း ၈၁၃ တွဲအား ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များထံ ရောင်းချပေးနိုင်ခဲ့သည်။

အဆိုပါ ကျောက်စိမ်းအတွဲ ၈၁၃ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုး ယူရိုငွေ ၅၀ ဒသမ ၀၁၉ သန်း ခန့် ရှိကြောင်း သိရသည်။

သို့ပါ၍ ယနေ့အထိ ကျောက်မျက်(၃၂)တွဲမှ ရောင်းရငွေ ယူရိုငွေ ( ၀ ဒသမ ၇၆၆)သန်း၊ ကျောက်စိမ်း ၁၈၁၂ တွဲမှ ယူရိုငွေ (၈၇ ဒသမ ၈၀၆ ) သန်းဖြစ်ကြောင်း သိရသည်။

ပြပွဲဆဋ္ဌမနေ့သို့ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၁၆ တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ အချောထည်ကျောက်စိမ်းအတွဲများအား စိတ်ကြိုက် ကြည့်ရှုလေ့လာကြသည်။

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ကျောက်စိမ်း အတွဲ အမှတ် (၂၃၀၁)မှ (၃၄၅၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၃၄၅၁)မှ(၄၆၀၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၄၆၀၁)မှ(၅၇၅၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၇၅၁)မှ(၆၆၈၅)ထိ လည်းကောင်း ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့်အထက် တန်ဖိုး သတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲနှင့် အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့်အထက် တန်ဖိုး သတ်မှတ် ထားသည့် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၆၈၅ တွဲကို ခင်းကျင်းပြသထားပြီး အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၈၁၃ တွဲ ရောင်းချနိုင်ခဲ့ ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၈၁၃ တွဲ ရောင်းချနိုင်ခဲ့ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.