ဗြိတိသျှဝန်ကြီးချုပ်ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူကို ရုံးထုတ်

credit: court sketch
ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေကို ဗုံးခွဲပြီး ဓါးနဲ့တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ အသက် ၂၀ အရွယ် လူငယ်တယောက်ကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နာရီမာ ဇက်ကရီယာ ရာမန် Naa'imur Zakariyah Rahman ဆိုတဲ့သူဟာ ဒေါင်းနင်းလမ်းက ထရီဆာမေရဲ့ ဝန်ကြီးချုပ်ရုံးရှေ့မှာ ဗုံးခွဲဖို့ပြင်ဆင်ပြီးတဲ့နောက် ရုတ်ရုတ်သဲသဲဖြစ်သွားချိန်မှာ ရုံးအတွင်းထဲကိုဝင်ပြီး ဝန်ကြီးချုပ်ကို အသေခံပြီး ဓါးနဲ့ထိုးသတ်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

အဲဒီသူဟာ အသေခံဗုံးခွဲဝတ်စုံ၊ ငရုတ်ကောင်းရေ စပရေးဗူးနဲ့ ဓါးတွေသုံးပြီး အဆောက်အဦးထဲဝင်၊ ဝန်ကြီးချုပ်ကို သတ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ အစိုးရရှေ့နေ မာ့ခ်ကာရိုးလ်က ပြောပါတယ်။

ရာမန်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့အမှုနဲ့ တရားစွဲဆိုထားပြီး သူ့ကိုကူညီပေးတဲ့ မိုဟာမက် အကစ်အီမရမ် Mohammad Aqib Imran ကိုလည်း အဲဒီအမှုနဲ့ပဲ သီးသန့်စွဲဆိုထားပါတယ်။ သူတို့နှစ်ယောက်ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က သီးခြားစီအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ