အင်ဒိုနီးရှား၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှား၌ မြေပြိုမှုတွင် ပိတ်မိနေသော ကားတစ်စီးအား ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နေစဉ်(ဆင်ဟွာ)
 ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းရေကြီးမှု နှင့် မြေပြိုမှုသည် အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပြီး အခြား ပြည်နယ်များစွာမှာလည်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။အရှေ့ ဂျာဗားပြည်နယ် Pacitan ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ ၏ ဒီဇင်ဘာ ၁ ရက် အစောပိုင်း ထုတ်ပြန်ချက်တွင် လူပေါင်း ၁၈၇၉ ဦးသည် ၄င်းတို့ ၏ နေအိမ်များကို စွန့် ခွာခဲ့ရကြောင်းဖော်ပြထားပြီး နောက်ပိုင်းတွင် နေအိမ်စွန့် ခွာရသူများမှာ ၂ဝ၅ဝ ဦးထိ တိုးမြင့်ခဲ့ကြောင်း နှင့် လူနေအိမ်ပေါင်း ၁၇ဝ၉ လုံးမှာ ရေကြီးရေလျှံမှု ဒဏ်သင့်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့် ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။

ရေကြီးမှု နှင့် မြေပြိုမှုအတွင်း အနည်းဆုံး လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၄င်း က ဆက်လက်ပြောကြားခဲ့သည်။ အခင်းဖြစ်နေရာသို့ စက်ယန္တယားများ ရောက်ရှိအောင် ပို့ ဆောင်ပေးနိုင်ရန်မှာ အခက်အခဲတစ်ခုဖြစ်နေကြောင်း ၄င်းက ဆိုသည်။အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရှေ့ ဂျာဗား ၊ Yogyakarta နှင့် ဘာလီ ပြည်နယ်များအတွင်းရှိ ခရိုင်ပေါင်း ၂၈ ခုမှာ ရေကြီးမှု နှင့် မုန်တိုင်းဒဏ်ကို ခံစားရလျက် ရှိကြောင်း သိရသည်။၎င်းဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျင် ၆၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး အင်ဒိုနီးရှားပြည်နယ် တောင်ပိုင်း နှင့် အရှေ့ တောင်ပိုင်း ၃၂ ကီလိုမီတာ အကွာ၌ ဗဟိုပြုလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီ၏ ပြောကြားချက်အရသိရသည်။

(Xinhua)
http://xinhuamyanmar.com
အင်ဒိုနီးရှား၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေ အင်ဒိုနီးရှား၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.