ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး မီးလောင်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းဒေသ နတ်သံကွင်းဈေးမှာ ဒီဇင်ဘာ (၁၂) ရက် ည (၇) နာရီ (၄၅) မိနစ်ခန့်က စတင်မီးလောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်မှုအား ကျောက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃စီး၊ နတ်သံကွင်း မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂စီး၊ ပဲနွယ်ကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂စီး၊ ကျောက်တံခါးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ ကျွဲပွဲမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ ကညွတ်ကွင်းမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ အုပ်ချုပ်မှုယာဉ် ၁စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၁၃စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး မီးလောင်မှုဖြစ်ပွား ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.