ပဲခူးမြို့ရှောင်လမ်းတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ

အလောင်းတွေ့ ရှိရာနေရာမှာ တာဝန်ရှိသူများ စစ်ဆေးနေစဉ်။ ဓါတ်ပုံ - ဇော်ရှင်း (facebook)
ပဲခူးမြို့နယ်၊ အဝိုင်းကျေးရွာ၊ နောင်တော်ကြီးဘုရားအနီး၊ ပြွန်ကုန်တံတားအောက်မှာ ဒီဇင်ဘာ(၁၉)ရက် ညနေ(၅)နာရီခွဲအချိန်က အသက်(၂၀)ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦးအလောင်းကို တွေ့ရှိခဲ့တယ်လို့ ပဲခူးမြို့မရဲစခန်းကနေသိရပါတယ်။

 အဲဒီအမျိုးသမီးဟာ ဦးခေါင်းချိုင့်ဝင်ဒဏ်ရာ၊ ဝဲဘက်လက်မောင်းညိုမဲဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာဖြစ်ပါတယ်။

 အဲဒီအမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့အတွက် ပဲခူးမြို့မရဲစခန်းက (ပ)၁၆၇၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ(၃၀၂)နဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ပဲခူးမြို့ရှောင်လမ်းတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ ပဲခူးမြို့ရှောင်လမ်းတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.