မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိုဘုရားကြီး သာသနာ ၂၅၀၀ဗိမာန်တော်အတွင်း အစိုးရနုတ်ထွက်ပေးရန်အတွက် သပိတ်စခန်းဖွင့်လှစ်မှုဖြင့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကိုတရားစွဲဆိုထားခဲ့သည့် အမှုအား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန်ချမှတ်ခဲ့သည်။
သြဂုတ်(၃)ရက်နေ့က စတင်၍ကာ မဟာမြတ် မုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်တော်အတွင်း သံဃာတော်များနှင့် လူပုဂ္ဂုလ်အချို့မှ အစိုးရနှုတ်ထွက်ပေးရန် သပိတ်စခန်းဖွင့်လှစ်ခဲ့သဖြင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သြဂုတ် (၅)ရက် နံနက် ၂း၁၅အချိန်တွင် သပိတ်စခန်းကို ဖယ်ရှားခဲ့ပြီး ဦးဆောင်ပါဝင်သည့် သံဃာတော်ခြောက်ပါးကို ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ဖမ်းဆီး၍ တရားစွဲတင်ပို့ခဲ့ရာ ယနေ့ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို တရားရုံးမှ ရုံးချိန်ပေါင်း ၁၉ ကြိမ် ခေါ်ယူ၍ တရားလိုပြသက်သေ ၉ ဦး၊ တရားစွဲဆိုခံရသူ ၆ ဦး တို့ကို စစ်ဆေးပြီး ယနေ့ရုံးချိန်တွင် နှစ်ဖက်စစ်ဆေးကြားနာချက်များအရ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လချမှတ်ခဲ့ကာ ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သည်။ ထို့ပြင် ယင်းအမှုတွဲမှ ရာဇာဝတ်အထွေထွေ ၃၄ အရ ထွက်ပြေးတိမ်းရှောင်နေသူများရှိပြီး ထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခွင့်ရှိသည့်အမှုဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ တွဲဘက်တရားသူကြီး ဦးကျော်စွာလင်း၏ ပြောကြားချက်အရ သိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့တွင် အစိုးရနုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့်လှစ်ခဲ့သူများကို အပြီးသတ်အမိန့်ချမှတ်
Reviewed by THITHTOOLWIN
on
17:58
Rating:
