ရေတာရှည်မြို့လယ်တွင် ဆီဘောက်ဆာယာဉ် အရှိန်လွန်ဝင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူသေဆုံး


ရေတာရှည် ဒီဇင်ဘာ ၁

ရန်ကုန်-မန္တလေးကားလမ်းတစ်လျောက်ရှိ မြို့တွင်းဖြတ်သန်းမောင်းနှင်သည့် ယာဉ်များအနေ ဖြင့် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိရာ ပဲခူး တိုင်းဒေသကြီး၊ ရေတာရှည်မြို့လယ်တွင် နိုဝင်ဘာ ၃ဝ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့် ဆီဘောက်ဆာ (၂၂)ဘီးထွေလာယာဉ် အရှိန်လွန် ဝင်ရောက် တိုက်မိခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် ၁၉၁/၁ နှင့် ၂ အကြား၊ ရေတာရှည်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အောင်သပြေစတိုးဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အောင်သာပြည့် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကားလမ်း အတိုင်း မြောက်မှတောင်သို့ ဆန်းလင်းမျိုး(၂၅)နှစ်၊ မကျည်းကန်ကျေးရွာ၊ မကွေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် MDY-4D/-------- ရှောင်လောင်း(၂၂)ဘီး ဆီဘောက်ဆာတွဲယာဉ်သည် ရှေ့မှ သွားနေသော ယာဉ်အား အရှိန်ဖြင့်ကျော်တက်ရာမှ တစ်ဘက်ယာဉ်ကြောသို့ အရှိန်လွန်ရောက်ရှိကာ မျက်နှာချင်း ဆိုင်ဘက်မှ အောင်နိုင်လင်း(၂၇)နှစ် စီးနင်းမောင်းနှင်လာသော ၂၇ယ/------ လော်ဂျား ၁၁ဝ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 အောင်နိုင်လင်း မှာ ရရှိသော ဒါဏ်ရာများဖြင့် နေရာ၌ သေဆုံးသွားခဲ့၍ မဆင်မခြင်မောင်းနှင်သူ ဆန်းလင်းမျိုး အား ရေတာရှည်မြို့မရဲစခန်က အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရ သည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေတာရှည်မြို့လယ်တွင် ဆီဘောက်ဆာယာဉ် အရှိန်လွန်ဝင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူသေဆုံး ရေတာရှည်မြို့လယ်တွင် ဆီဘောက်ဆာယာဉ် အရှိန်လွန်ဝင်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူသေဆုံး Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.