သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ

ဓါတ်ပုံ- ဒီဇင်ဘာ ၂၁ ရက်မနက်ပိုင်းက ပင်လုံမြို့လူထုတွေ့ဆုံပွဲအား တပ်မတော်မှဝင်ရောက်ဟန့်တားနေသည်ကိုတွေ့ရစဉ်
ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၇

နိုင်ငံတော်အစိုးရထံ တင်ပြဆွေးနွေးပြီး ပင်လုံလူထုနှင့်ဒုတိယအကြိမ်တွေ့ဆုံသည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုသဘောထားကောက်ယူရေးကော်မတီအား တပ်မတော်မှ ဒုတိယအကြိမ်ထပ်မံ ဟန့်တားသည်ဟု တွေ့ဆုံရေးကော်မတီဝင်များပြောပြချက်အရသိရသည်။
ပင်လုံမြို့တွင် ပြုလုပ်နေဆဲ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြိုလူထုတွေ့ဆုံပွဲအား အစိုးရတပ်မတော်မှ ၀င်ရောက်တားဆီးနေပုံ။ Photo Credit to - Min Chit Thu
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဒီဇင်ဘာလ ၂၁ ရက် ယနေ့မနက်ပိုင်းက သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲထပ်မံပြုလုပ်ရန် စီစဉ်နေစဉ် မြန်မာ့တပ်မတော်မှအင်အားသုံးဝင်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်က ပထမအကြိမ်ကျင်းပစဉ်ကလည်း ရလခတိုင်းမှညွှန်ကြားမှုဖြင့် လွယ်လင်တပ်နယ်မှ စစ်အင်အားသုံးကာဝင်ရောက်တားဆီးခဲ့သဖြင့် တွေ့ဆုံပွဲပျက်ပြယ်ခဲ့ရသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.