![]() |
လွှတ်တော်အဆောက်အအုံကို ဒရုန်းသုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့သူတွေကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်/ Photo: Kyaw Zaw Win/RFA |
နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ ပုဒ်မ နှစ်ခုကို တရားလိုဘက်က ပြန်ရုပ်သိမ်းလိုက် တဲ့အတွက် အခုလို ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး က ပြောပါတယ်။
တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲ မလေးရှားနိုင်ငံသူ တစ်ယောက်၊ စင်ကာပူနိုင်ငံသား တစ်ယောက်၊ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင် တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနရုံးနားမှာ လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ပြင်ဆင်နေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံလိုက်ရပြီးချိန်မှာ ဒရုန်းကိစ္စနဲ့ မဆိုင်ဘဲ ဦးအောင်နိုင်စိုး သွားခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာတွေရှိခဲ့ကြောင်း ဦးအောင်နိုင်စိုးက ပြောပါတယ်။
သူတို့ကို ဖမ်းဆီးစဉ်က သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားတဲ့ ကင်မရာ၊ဒရုန်း၊ ကွန်ပျူတာ စတဲ့ပစ္စည်းတွေ ကို ပြန်ရဖို့အတွက် တစ်လအတွင်း ပြင်ဆင်ချက် လျှောက်ထားမယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒရုန်းသုံးလို့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်
Reviewed by THITHTOOLWIN
on
21:03
Rating:
