ဘုရားမီးပူဇော်ထားရာမှ တဆင့် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်း


ဒီဇင်ဘာ ၇

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ဆန်းကြွယ်ကျေးရွာ ဘောလုံးကွင်းအနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်သည် ဒီဇင်ဘာလ ၇ ရက်နေ့ ယနေ့နံနက် ၁၁ နာရီခန့်က မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ယင်းကုန်စုံဆိုင်မှာ ဦးကျော်ထွန်းပိုင် ဆိုင်ဖြစ်ပြီး ဘုရားမီးပူဇော်ထားရာမှ တဆင့် ကူးစက်လောင်ကျွမ်းခဲ့သည်ဟု သိရကြောင်း ဆန်းကြွယ်ကျေးရွာနေ ဒေါ်မိုးမိုးကပြောသည်။

နေ့လည် ၁၂ နာရီတွင် မီးငြိမ်းသတ်နိင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

စည်သူ(မြစ်ကြီးနား)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဘုရားမီးပူဇော်ထားရာမှ တဆင့် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်း ဘုရားမီးပူဇော်ထားရာမှ တဆင့် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်း Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.