စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ နန်းပေါင်းကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့် ရှိ ယာခင်းအတွင်း ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် က လူ(၂)နှစ်ဦးစကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ သတင်းအရ ထီးချိုင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ နန်းပေါင်းကျေးရွာနေ လှမျိုးသန်း(၂၅)နှစ်နှင့် တစ်ရွာတည်းနေ မောင်ချို(၄၃)နှစ်တို့ စကားများ ရန်ဖြစ်စဉ် လှမျိုးသန်းမှ မောင်ချို အား တုတ်ဖြင့်ရိုက်/ဓားဖြင့်ခုတ်ခဲ့သောကြောင့် မောင်ချို တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသည်။

လှမျိုးသန်း အား ထီးချိုင့်မြို့မရဲစခန်း(ပ)၃၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။

သစ်ထူးလွင်
စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.