ပါကစ္စတန်ကျောင်း တိုက်ခိုက်မှု လူ ၉ ဦး ထက်မနည်းသေဆုံး

တာလီဘန်က သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ပြော
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာရှိတဲ့ ကောလိပ်ကျောင်းတခုထဲကို ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းက သေနတ်သမားတွေ တရစပ် ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိ သွားပါတယ်။

အမျိုးသမီးဟန်ဆောင်ထားတဲ့ လူ ၃ ယောက် ထက် မနည်းဟာ သုံးဘီးတပ်ယာဉ် နဲ့ စိုက်ပျိုးရေးသင်တန်းကျောင်းထဲကို ရောက်လာပြီး ပစ်ခတ်ခဲ့တာပါ။

သေနတ်သမား ၃ ယောက်လုံး သေဆုံးသွားခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လုပ်ရပ်ဖြစ်တယ်လို့ ပါကစ္စတန်တာလီဘန်က ကြေညာထားပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ ဘာသာရေး အားလပ်ရပ် ဖြစ်လို့ ကျောင်းပိတ်ထားတယ်လို့ ယူဆရပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာကို ပါကစ္စတန် ရဲနဲ့ စစ်တပ်က ပိတ်ဆို့ထားပါတယ်။

ဒီပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ယောက် နဲ့ ရုံးဝန်ထမ်း ၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပါကစ္စတန်ကျောင်း တိုက်ခိုက်မှု လူ ၉ ဦး ထက်မနည်းသေဆုံး ပါကစ္စတန်ကျောင်း တိုက်ခိုက်မှု လူ ၉ ဦး ထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.