ရထားသံလမ်းကူး အဖွင့်/အပိတ်တံခါးအား သုံးဦးစီးနင်းလာသော ဆိုင်ကယ်ဖြင့်တိုက်မိ၍ နှစ်ဦးသေ


ပဲခူး ဒီဇင်ဘာ ၎

ပဲခူးမြို့၊ ကလိကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း ရထားလမ်းကူးဂိတ်တံခါး အား ဒီဇင် ဘာ(၄)ရက်နေ့ နံနက်(၃)နာရီအချိန်ဆိုင်ကယ်တစ်စီးအချိန်လွန်ဝင်ရောက်တိုက်မိခဲ့ရာ စီးနင်းလာသူနှစ်ဦး စလုံး သေဆုံးသွားခဲ့ကြောင်းသိရသည်။

 ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးမြို့မရဲစခန်းမှ တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ရာ ဘုရားကြီး မှ ပဲခူးမြို့ဘက်သို့ ချစ်ကို(၂၆)နှစ်၊ ပျဉ်ထောင် ကွင်းကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူမောင်းနှင်ပြီး တစ်ရွာတည်းနေ ကိုဝေ(၁၉)နှစ်၊ အောင်သီဟ(၁၆)နှစ်၊ တို့မောင်းနှင်စီးနင်းလိုက်ပါလာသော နံပါတ်မပါ HONDA WAVEသည် ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင် ၅၂/၆ နှင့် ၇ ကြား အခင်းဖြစ်နေရာအရောက်တွင် ရထားလမ်းကူးဂိတ်တံခါး အားအရှိန်လွန်ကာဝင်ရောက်တိုက်မိခဲ့သည်။

 ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီးနောက် ဆိုင်ကယ်မောင်းနှင်သူ ချစ်ကို နှင့် ကိုဝေ တို့နှစ်ဦးနေရာတွင်သေဆုံးသွားခဲ့ပြီး အောင်သီဟ တွင် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့၍ပဲခူးမြို့မရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရထားသံလမ်းကူး အဖွင့်/အပိတ်တံခါးအား သုံးဦးစီးနင်းလာသော ဆိုင်ကယ်ဖြင့်တိုက်မိ၍ နှစ်ဦးသေ ရထားသံလမ်းကူး အဖွင့်/အပိတ်တံခါးအား သုံးဦးစီးနင်းလာသော ဆိုင်ကယ်ဖြင့်တိုက်မိ၍ နှစ်ဦးသေ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.