မင်းဘူး-အမ်းကားလမ်းမှာ ကုန်တင်ယာဉ် တိမ်းမှောက် လူနှစ်ဦးသေဆုံး


မကွေး ဒီဇင်ဘာ ၁၃

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ် (၅၁/၃) မိုင်အနီး ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အနောက် မြောက်ဘက် (၁) မိုင်ခန့်အကွာတွင် ရခိုင်ပြည်နယ်မှ မကွေးတိုင်း ဘက်သို့ ဆန်အိတ်များတင်ဆောင် မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူနှစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

အဆိုပါယာဉ်မှာ အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ အသက် ၃၀/၂၀၁၇နှစ် ၊ (ဘ)ဦးအောင်မြင့် မောင်းနှင်ပြီး ယာဉ်ပေါ်တွင်  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ဖြိုးကိုကိုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ ၁၇/၇၈ လမ်းနေထိုင်သူ ကျော်ဝင်းထွန်းတို့ လိုက်ပါလာသည့် ဆန်အိတ်များ တင်ဆောင်ထားသော 7J -------- COUNTER  အဖြူရောင် (၆) ဘီးယာဉ် ဖြစ်သည်။


 ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပြည့်ဖြိုးအောင်မှာ ဦးခေါင်းပြားဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။ ယာဉ်ပေါ်ပါ ကျော်ဝင်းထွန်းမှာလည်း ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပါသည်။ ယာဉ်ပေါ်ပါဖြိုးကိုကိုမှာ ဝဲဖက်မျက်လုံးပေါက်ထွက် ဒဏ်ရာ (၁)ချက်၊ ယာဘက်လက်မောင်း၊ ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိလျှက် အခင်းဖြစ်နေရာတွင် သတိမရ၊ စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့အား ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ  ပြည့်ဖြိုးအောင်အား ဥပဒေအရအရေးယူရန် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅ နာရီ ၄၀ မိနစ် အချိန်တွင် ငဖဲမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/ ၃၃၈ ဖြင့် အမှုရေးဖွင့်ထားရှိပြီး ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးမှ စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရှိသတင်းရရှိသည်။

လှိုင်ဘွား ( မြို့သစ် )
မင်းဘူး-အမ်းကားလမ်းမှာ ကုန်တင်ယာဉ် တိမ်းမှောက် လူနှစ်ဦးသေဆုံး မင်းဘူး-အမ်းကားလမ်းမှာ ကုန်တင်ယာဉ် တိမ်းမှောက် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.