မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှု တရုတ်လျော့ချ


မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့ နိုဝင်္ဘာလအတွင်း ရေနံထွက်ပစ္စည်းတင်ပို့မှု လုံးဝ မရှိခဲ့ကြောင်းနဲ့ မြောက်ကိုရီးယားကနေ တရုတ်ပြည်ကို သံ၊ ကျောက်မီးသွေးနဲ့ ခဲသတ္ထုတွေဝယ်ယူ တင်သွင်းခဲ့မှုလည်း လုံးဝ မရှိကြောင်း မနေ့က သတင်းရပါတယ်။

တရုတ်ပြည်ဟာ မြောက်ကိုရီးယားကို ဓါတ်ဆီ၊ ဂျက်လေယဉ်ပျံဆီ နဲ့ ဒီဇယ်ဆီစတဲ့ လောင်စာတွေ အဓိက တင်ပို့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အဲဒီလိုလောင်စာဆီတွေတင်ပို့မှု ရပ်ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အသေးစိပ် ထုတ်ဖေါ်ကြေညာခြင်းမရှိဘဲ မိမိတို့နိုင်ငံဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက်နေတယ်လို့ပဲ ပြောပါတယ်။

ဓါတ်ဆီနဲ့ ဒီဇယ်ဆီတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက တင်ပို့မှုရပ်ဆိုင်းခဲ့ကြောင်းနဲ့ အဲဒီလို ရပ်ဆိုင်းခဲ့တာဟာ တင်ပို့ရင်လည်း ပစ္စည်းတန်ဖိုးငွေတွေကို ပြန်မရမှာစိုးလို့ဖြစ်ကြောင်း တရုတ်အစိုးရ အသိုင်းအဝန်းက ပြောပါတယ်။ ဒါပေမဲ့ ရေနံစိမ်းတွေကိုတော့ အိုမင်းနေတဲ့ ပိုက်လိုင်းတွေကနေ တင်ပို့ဆဲပဲလို့လည်း စက်မှုလုပ်ငန်းရပ်ကွက်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားကနေ ပြောင်းဖူးတင်သွင်းမှုကိုလည်း အရင်နှစ်ကထက်စာရင် ၈ဝ % ကျော်လျော့ချခဲ့ပြီး ဒီနှစ်အတွင်းမှာ တန်ချိန် ၁ဝဝ ပဲ ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်္ဘာလအတွင်း မြောက်ကိုရီးယားနဲ့ တရုတ်ပြည် အကြားကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၃၈၈ သန်းပဲရှိတဲ့အတွက် ဒီနှစ်အတွင်း အနည်းဆုံးအဆင့်ကို နိမ့်ဆင်းသွားတာပါ။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှု တရုတ်လျော့ချ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှု တရုတ်လျော့ချ Reviewed by THITHTOOLWIN on 10:51 Rating: 5
Powered by Blogger.