တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ နယ် အလယ်ကုန်းရွာအထွက် တံတားထိပ်မှာ ဒီဇင်ဘာ (၂၆) ရက် မနက် (၄)နာရီက ခရီးသည်တင်မှန်လုံယာဉ်နဲ့ သုံးဘီးဆိုင်ကယ်တိုက်မိပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ရဲစခန်း မှုခင်းမှတ်တမ်းအရ သိရပါတယ်။
သတင်းအရ ထားဝယ်မြို့နယ် အမှတ်(၇၄) ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ SCANIA BUS ခရီးသည်တင်မှန်လုံယာဉ်ဟာ ထားဝယ်ဘက်ကနေ သရက်ချောင်းဘက်ကို မောင်းနှင်သွားရာမှာ တံတားထိပ်အရောက် မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲလို ၀င်တိုက်မှုကြောင့် သုံးဘီးယာဉ်ဟာ တိမ်းမှောက်ခဲ့ပြီး သုံးဘီးယာဉ်မောင်းသူနဲ့ အမျိုးသမီး(၁)ဦးဟာ ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာပဲ သေဆုံးခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်စဉ်နေရာမှာပဲ ခရီးသည် တင်မှန်လုံယာဉ်မောင်းဟာ ယာဉ်ကို ထားကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ယာဉ်မဆင်မခြင် မောင်းနှင်ပြီး လူကိုသေဆုံးစေသူ နှစ်ဘက်ယာဉ်မောင်း(၂)ဦးကို ထားဝယ်မြို့နယ်ရဲစခန်းက (ပ)အမှတ်/ပုဒ်မ၊ ယာဉ်(ပ) ၁၀၀/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/ ၂၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို လင်းလင်း(ရေဖြူ) ကပေးပို့တာပါ။
Central News Bureau
https://www.facebook.com/skynetcnb
ခရီးသည်တင်မှန်လုံယာဉ်နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:43
Rating:
