ATM စက်​မှ သိန်း ၅၇၀ ​ကျော်​​ပျောက်​ဆုံးမှု ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့ မှ ​ဖော်​ထုတ်​နိုင်


တောင်​ကြီးမြို့ ဧရာဝတီဘဏ်​ခွဲ ၁ မန်​​နေဂျာထံ ရန်​ကုန်​ရုံးချုပ်​မှ Royal Taunggyi. Hotel တွင်​ထားရှိ​သော ATM Terminal 5 စက်​ Error. စက်​ချို့ယွင်း​နေသည်​ကို ရုံးချုပ်​တွင်​ထားရှိ​သော ATM. Sever. စက်​တွင်​​တွေ့ရှိ​ကြောင်း အ​ကြောင်းကြားသဖြင့် ဒီဇင်ဘာလ ၁၂ရက်နေ့ ည​နေ ၅နာရီခွဲတွင်​ ATM စက်​​သေတ္တာများအား ဘဏ်​ခွဲ ၁ သို့ ယူ​ဆောင်​စစ်​​ဆေးရာ ၂၂၃သိန်း ၈​သောင်း ၁ ​ထောင်​​ပျောက်​ဆုံး​နေကြောင်း သိရှိရသည်။

ဆက်​လက်​၍ စူဌာမုနိဘုရား​ပေါ်ရှိ ATM Terminal3 စက်​အား စစ်​​ဆေးရာ ၁၁၇ သိန်း ၅​သောင်း ၃​ထောင်​ ​ပျောက်​ဆုံး​နေသည်​ကို ထပ်​မံစစ်​​ဆေး​တွေရှိရပြီး လျိုဝှက်​နံပါတ်​ဖြင့် ဖွင့်ရ​သော တံခါးမပျက်​စီးဘဲ ​ပျောက်​ဆုံး​နေသဖြင့် Royal Taunggyi Hotal ရှိ cctv စစ်​​ဆေးရာ ​တောင်​ကြီး ဘဏ်​ခွဲ ၁ ဝန်​ထမ်း​ဟောင်း သီဟနိုင် ​ဖြစ်​​ကြောင်း စစ်ဆေး​တွေ့ရှိရသည်။


သို့ဖြစ်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့  ညနေ၃နာရီ အချိန်တွင် ​အမှုဖွင့်ခဲ့ရာ​ တောင်​ကြီး မြို့မရဲစခန်း ​(ပ)၁၀၃၇/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်​ ​ဆောင်​ရွက်​ခဲ့ပါသည်​။

အမှုဖြစ်​စဉ်​အား ပြည်​နယ်​ရဲတပ်​ဖွဲ့ မှူးထံတင်​ပြခဲ့ပြီး ညွှန်​ကြားချက်​အရ ​တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်​၊ ​ခေတ္တမြို့နယ်​ရဲတပ်​ဖွဲမှူးဒုရဲမှူးစိုး​အောင်​၊ မြို့မစခန်းမှူး ဒုရဲမှူးမျိုးဦးတို့မှအခင်းဖြစ်​​နေရာအား ကြည့်ရှုစစ်​​ဆေးခြင်း၊ မြို့မရဲစခန်း​နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​​အောင်​ကိုယု၊ နယ်​​မြေ ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​ ဒုရဲအုပ်​လင်းလင်း​ဇော်​တို့အား အဖွဲ့ငယ်​များခွဲ၍ တရားခံဖမ်းဆီးရမိ​ရေးစုံစမ်း​စေခဲ့ရာ ညနေ ၆နာရီ အချိန်​တွင်  တရားခံဝင်​​ရောက်​လာသဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမှုမှ တရားခံသီဟနိုင်​အား ပူး​ပေါင်းစစ်​​ကြော ​ဖော်​ထုတ်​ခဲ့ရာ ပြစ်​မှူကျူးလွန်​​ကြောင်း ဝန်​ခံထွက်​ဆိုသဖြင့် သက်​​သေခံ​ငွေနှင့် သက်​​သေခံပစ္စည်းများ သိမ်းဆည်းရမိ​ရေး ​ခရိုင်​ရဲတပ်​ဖွဲမှူးကြီးကြပ်​​ဆောင်​ရွက့်​ခဲ့ရာ ခိုးယူခဲ့​သော ​ငွေ (၃၅၄)သိန်းနှင့် ပြစ်​မှူကျူးလွန်​ရာတွင်​ အသုံးပြုခဲ့​သောသက်​​သေခံ ပစ္စည်းများေ​ညာင်​​ရွှေ Amazing . Hotel. ATM Terminal4 မှ​ပျောက်​ဆုံးခဲ့​သော​ငွေ ၁၈၉ သိန်း ၁​သောင်း ၁​ထောင်အပါအဝင် စုစု​ပေါင်း​ပျောက်​ဆုံး​ငွေမှာ(၅၄၀)သိန်း(၄)​သောင်း(၅)​ထောင်​ကျပ် နှင့် ၄င်း​ငွေဖြင့်​ဝယ်​ယူထား​သော ကားတို့အားသိ ​​​မ်းဆည်းရမိခဲ့ပါ​ကြောင်းနှင့်​ကျန်​ရှိသက်​​သေခံပစ္စည်းများသိမ်းဆည်းမိ​ရေး​ဆောင်​ရွက်​လျှက်​ရှိသည်ဟုသိရသည်။

Shan Min Thar
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
ATM စက်​မှ သိန်း ၅၇၀ ​ကျော်​​ပျောက်​ဆုံးမှု ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့ မှ ​ဖော်​ထုတ်​နိုင် ATM စက်​မှ သိန်း ၅၇၀ ​ကျော်​​ပျောက်​ဆုံးမှု ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့ မှ ​ဖော်​ထုတ်​နိုင် Reviewed by THITHTOOLWIN on 06:33 Rating: 5
Powered by Blogger.