ရခိုင်ဂေဇက်၊ဒီဇင်ဘာ၂၆
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ARSA အကြမ်းဖက် တိုက်ခိုက်မှုကြောင့် (၄)လတာ ပိတ်ထားခဲ့ရသော မောင်တောမြို့မဈေးကို ယနေ့ ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်၈နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
"မောင်တောမြို့မဈေးကို ဒီဇင်ဘာ၂၃ရက်တုန်းက ပဲ (၂၆)ရက်နေ့စပြီးဈေးကို ပြန်လည်
ဖွင့်လှစ်တော့မယ်လို့ ကြေညာထားပါတယ်၊ ဒီနေ့ စပြီး ဈေးကိုဖွင့်လှစ်ထားပါပြီပေါ့ လက်ရှိ
မောင်တောမြို့မဈေးကြီးမှာ ဈေးဆိုင်ခန်းပေါင်း (၄၅၃) ခန်းရှိတယ်၊ဒီနေ့ ဈေးဆိုင်ခန်း(၂၆၀) ကိုစဖွင့်တယ်ပေါ့၊နောက်နေ့မှာ အားလုံးနီးပါး ဖွင့်လာနိုင်ပါတယ်လို့မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးရွှေမောင်မှ ရခိုင်ဂေဇက်သို့ပြောသည် ။
မောင်တောမြို့မဈေးကြီးမှာသြဂုတ်လ(၂၅)ရက် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရကာယ ခု(၄)လအကြာတွင်မှ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။
"မောင်တောမြို့မဈေး တစ်ခုလုံးကို CCTV လုံခြုံရေးကင်မရာများ တက်ဆင်ထားပြီး လုံခြုံရေးရဲအင်အားလည်းတိုးမြှင့်ထားတယ်"ဟုမောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးရွှေမောင် မှ ဆိုသည်။
ယခုလက်ရှိ မောင်တောမြို့မှာ တည်ငြိမ်းအေးချမ်းမှုရှိလာပြီဖြစ်သောကြောင့် မြို့မဈေးကြီးပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း မောင်တောမြို့အတွင်းပုဒ်မ ၁၄၄အားရုတ်သိမ်းထားခြင်းမရှိသေးပဲ သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။
ဖိုးခွားလေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ARSAအကြမ်းဖက် တိုက်ခိုက်မှုကြောင့် (၄)လတာ ပိတ်ထားခဲ့ရသော မောင်တောမြို့မ ဈေးကြီးစတင်ဖွင့်လှစ်
Reviewed by THITHTOOLWIN
on
17:30
Rating:
